နေပြည်တော် ဇွန် ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် နည်းပညာ သုတေသနဗဟိုဌာနတွင် ဇွန် ၁၆ ရက်က အသေးစားလေအားလျှပ်စစ်သုတေသနလုပ်ငန်းများ ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့ခေတ်တွင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်း၊
ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးများဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို
ကျော်လွှား နိုင်ကာ ကမ္ဘာကြီးရေရှည်တည်တံ့ရန်အတွက် နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌
ကာဗွန်ထုတ် လွှတ်မှုကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်ရင်းမြစ်များမှ
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ သိသိသာသာမြင့်တက်လာလျက်ရှိကြောင်း၊ နိုင်ငံတော်ရှိ
လေအားလျှပ်စစ် အရင်းအမြစ်များမှ MSME များအပါအဝင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများနှင့်
ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်တပ်တစ်အား အထောက် အကူပြုနိုင်မည့်
လေအားလျှပ်စစ်သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ နိုင်ငံ့ရေမြေ သဘာဝ ပတ်ဝန်းကျင်နှင့်
ကိုက်ညီကာ ကျေးလက်နှင့် မြို့ပြဒေသမရွေး တပ်ဆင်အသုံးပြုနိုင်သော လျှပ်စစ်ထုတ်လုပ်စွမ်းရည်
မြင့်မား၍ အကျိုးကျေးဇူးများပြားစေမည့် တီထွင်ဆန်းသစ် နည်းပညာများ ဖြင့် အသေးစားလေအားလျှပ်စစ်
သုတေသနလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန် ပြောကြား သည်။
ထို့နောက် အသေးစား
လေအားလျှပ်စစ်တာဘိုင်ပုံစံငယ်ကို ကြည့်ရှုစစ်ဆေးပြီး ရေရှည် ကြံ့ခိုင်မှုရှိသော ဒီဇိုင်းဖြစ်ရန်၊
တာဘိုင်များ ထပ်မံတိုးချဲ့ပေါင်းစပ်တပ်ဆင်ကာ ထုတ်လုပ်ရရှိသည့် လျှပ်စစ်စွမ်းအား၏ အရည်အသွေးကောင်းမွန်ရေး
စနစ်တကျထိန်းချုပ်ဆောင်ရွက်ရန်၊ လျှပ်စစ် ရေတင်စနစ်များတွင် စမ်းသပ်တပ်ဆင်သုံးစွဲရန်၊
ရေယာဉ်များနှင့် အခြားသင့်လျော်သည့် နေရာများ တွင်ပါ လက်တွေ့ကျကျ စမ်းသပ်တပ်ဆင်ကြရန်
မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည်
မြောက်ဒဂုံစက်မှုဇုန်ရှိ နည်းပညာ လွှဲပြောင်းလက်ခံထား သော အဆိုပါလုပ်ငန်းရှင်၏ စက်ရုံတွင်
စမ်းသပ်တပ်ဆင်ထားသော အသေးစားလေအား လျှပ်စစ်တာဘိုင်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment