နေပြည်တော် ဇွန် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းခေတ်မီစံပြကျေးရွာသို့ သွားရောက်၍ ညောင်ကုန်း စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအပါအဝင် ကျေးရွာပေါင်း ၁၁ ရွာ၊ စိုက်ပျိုးရေး သမဝါယမအသင်းပေါင်း ၁၁ သင်းတို့မှ အသင်းသား တောင်သူ ၁၀၄ ဦးအတွက် ၂၀၂၅-၂၀၂၆ မိုးစပါးစီမံကိန်းတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး အထွက်တိုးမျိုးစပါးနှင့် သွင်းအားစုပေးအပ်ပွဲ သို့ တက်ရောက်သည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက တောင်သူများအနေဖြင့် မိမိတို့ဒေသအလိုက် စိုက်ပျိုးကြသည့် မျိုးကောင်းမျိုးသန့်များနှင့်
သွင်းအားစုများကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊
သမဝါယမအသင်း ရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်ပေး
လျက်ရှိပါကြောင်း၊ သတ်မှတ်ပန်းတိုင်အထွက်နှုန်း မရရှိပါက အားနည်းချက်၊ အားသာချက်များကို
ဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးချိန် တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုးသွားရန်
လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်းနှင့်
တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုအားပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများက စိုက်ပျိုးရေးသမဝါယမအသင်း ၁၁ သင်းမှ အသင်းသားတောင်သူ ၁၀၄ ဦးအတွက် အထွက်တိုးမျိုးစပါးနှင့်
သွင်းအားစုများ ပေးအပ်ခဲ့ကြပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သော သောက်သုံးရေဂါလန်
၂၄၀၀ ဆံ့ အမြင့်တင်ရေစင်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို
လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက်
တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နေကြသည့် သင်တန်းသူများ၏ စက်ချုပ်လုပ်ငန်းများ
ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment