နေပြည်တော် ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy ၌ ဆေးပညာမဟာဌာနမှ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြီး လက်တွေ့ ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
Naypyitaw State Academy နှင့် နေပြည်တော် အမှတ် (၁၁) အခြေခံပညာအထက် တန်းကျောင်းတို့၌
ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူလေ့လာနေမှုနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌
ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်
ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု ၍ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက်ကာ
ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက် သည့် လူငယ်များဖြစ်လာအောင် ကြိုးစားအားထုတ်ကြရန်နှင့်
တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်လေ့ကျင့်ထားကြရန်မှာကြားပြီး
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment