နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာ - တရုတ် သံတမန်ထူထောင်ခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး) နှင့် ဖူးကျင့်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းတို့ ပူးပေါင်း၍ Yunnan Economics Trade and Foreign Affairs College ၏ အကူအညီဖြင့် တရုတ်အစားအစာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပ ပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးခွန်နေထွန်းဦး၊
ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ
ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ တရုတ်နိုင်ငံ
ယူနန်ပြည်နယ် ကူမင်းမြို့ Yunnan Economics Trade and Foreign Affairs College မှ ဒုတိယကျောင်းအုပ်ကြီးနှင့်
ပါမောက္ခ၊ ဆရာ ဆရာမများ၊ သင်တန်းပို့ချပေးမည့် တရုတ်နိုင်ငံမှ သင်တန်းနည်းပြဆရာများ၊
နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊
သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက တရုတ်ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်နှင့်
မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် တရုတ်အစားအစာ ချက်ပြုတ်ပြင်ဆင်ရောင်းချလိုသူများအတွက်
အကျိုးရှိစေရန် ရည်ရွယ်၍ ယနေ့သင်တန်းကို ဖွင့်လှစ်ပို့ချ ပေးရခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသများရှိ
မြို့ကြီးအများစုတွင် တရုတ်စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ခြင်းဖြင့် တရုတ်ခရီးသည်များကို
ဆွဲဆောင်နိုင်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အစားအစာချက်ပြုတ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင်
ကျွမ်းကျင်ပြီး အရည် အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန်အတွက်
ယခုကဲ့သို့ သင်တန်းများ ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊
ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ ဝန်ဆောင်မှုအရည်အသွေးများ မြင့်မားလာရန် ဝိုင်းဝန်းကြိုးစား
ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး
Yunnan Economics Trade and Foreign Affairs College မှ ဒုတိယကျောင်းအုပ် ကြီး၊ ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်း
ကျောင်း ကျောင်းအုပ်ကြီးတို့က သင်တန်းဖွင့်လှစ် ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ပြည်ထောင်စု ဝန်ကြီးက သင်တန်းသားများအား စာတွေ့/လက်တွေ့သင်ကြားပို့ချပေးနေမှုအခြေအနေများကို
လှည့်လည် ကြည့်ရှုသည်။ သင်တန်းကို ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment