နေပြည်တော် ဖေဖော်ဝါရီ ၁၉
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် - ၃ ၌ ကျင်းပသည်။
ဦးစွာအမျိုးသားအဆင့်
ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အပေါ် မြန်မာနိုင်ငံက
လိုက်ပါ အကောင်အထည်ဖော်ပြီးမြောက်မှုအနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ၆၄ ဒသမ ၇
ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အလယ်အလတ်အဆင့်တွင်
လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ရန် မူလက
သတ်မှတ်ထားသည့်ရက်စွဲများထက် စော၍ပြီးစီးကြောင်း အသိ ပေးအကြောင်းကြားထားသော အဖွဲ့ဝင်
၁၇ နိုင်ငံတွင် မြန်မာနိုင်ငံပါဝင်သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းစဉ်များကို သတ်မှတ်အချိန်ဇယားနှင့်အညီ
ပြီးမြောက် စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားကြရန်
တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့်ကုန်သွယ်မှု
လွယ်ကူချောမွေ့စေရေး ကော်မတီပူးတွဲဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးမင်းထွဋ်က ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆိုသည့်ကဏ္ဍမှာ အလွန်ကျယ်ပြန့်ပါကြောင်း၊
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူ ချောမွေ့ စေရေးသဘောတူညီချက်ပါအချက်များသာမက
ကုန်သွယ်မှုလမ်းကြောင်းများ၊ အခြေခံအဆောက် အအုံလိုအပ်ချက်များပါ အကျုံးဝင်နေသည့်အတွက်
လုပ်ငန်းအဖွဲ့ဝင်ဌာနများအနေဖြင့် ယင်းသဘောတူညီချက်ပါ အစီအမံများသာမက မိမိတို့ဌာနအလိုက်
လွယ်ကူချောမွေ့စေရေး ဆောင်ရွက်နိုင်မည့်ကိစ္စရပ် များရှိပါကလည်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊
ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းပေးရမည့်ကိစ္စရပ် များရှိပါကလည်း ယခုအစည်းအဝေးတွင်
ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးစေလိုပါကြောင်း ထည့်သွင်းပြောကြားသည်။
အစည်းအဝေး၌ အမျိုးသားအဆင့်ကုန်သွယ်မှု
လွယ်ကူချောမွေ့စေရေးကော်မတီ အတွင်းရေးမှူး က ယခင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ်
ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အစီရင်ခံတင်ပြခြင်း၊ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့အသီးသီးမှ
လုပ်ငန်းအဖွဲ့အလိုက် တာဝန်ယူဆောင်ရွက် သည့်အစီအမံများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်
ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြဆွေးနွေးခြင်းတို့ကို
ပြုလုပ်ခဲ့ကြသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏
ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး သဘောတူညီချက်အရ ဖွဲ့စည်းထား သော အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ
လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှုအခြေအနေများ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား
စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်
ဆောင်ရွက်ရန်အတွက် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက်
အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့်အစီအမံ များအား သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင်မြင်စွာ
ဆောင်ရွက်နိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းအဖွဲ့များက
လုပ်ငန်းစဉ်တစ်လျှောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြရန်
ကော်မတီဥက္ကဋ္ဌများက တိုက်တွန်း ပြောကြားခဲ့ကြသည်။
အစည်းအဝေးသို့
ကော်မတီအဖွဲ့ဝင်များနှင့် ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များမှ ညွှန်ကြား ရေးမှူးချုပ်များ၊
တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment