မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင် ပါဝင်သော လုပ်ငန်းများအနက် ၉၈ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSME များဖြစ်ကြပြီး ၂ ရာခိုင်နှုန်း သာလျှင် အကြီးစားလုပ်ငန်းများဖြစ်သည်။ တစ်ဖန် မြန်မာ MSME လုပ်ငန်းများ၏ အများစုမှာ ကျေးလက်ဒေသများတွင် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများအဖြစ် ရပ်တည်နေကြခြင်း ဖြစ်သည်။
တစ်ဖန် မြန်မာနိုင်ငံ၏
လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို
အခြေခံသော ကျေးလက်စီးပွားရေးကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။ စိုက်ပျိုးရေးတွင် စပါး၊
ဂျုံ၊ ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံစသည်တို့ကို အဓိကသီးနှံများအဖြစ် စိုက်ပျိုးကြပြီး
မွေးမြူရေးတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးစသည့် အဓိကစားသုံးသော သားငါးတို့ကို မွေးမြူကြသည်၊၊
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ လူဦးရေအများစုနေထိုင်ရာ ကျေးလက်ဒေသသည် စိုက်ပျိုးမွေးမြူ
ကုန်ထုတ်လုပ်မှုနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအများစုတို့ တည်ရှိ ရာရပ်ဝန်းလည်းဖြစ်သည်၊၊
စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံစားသောက်ကုန်များ ထုတ်လုပ်ရောင်းချခြင်းသည် ကမ္ဘာ့လူဦးရေ
တိုးတက်များပြားလာခြင်းနှင့်အတူ ရေရှည်တွင် အလားအလာ ကောင်းများရှိနေသည်၊၊ တရုတ်၊ အိန္ဒိယနှင့်
ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု
အလျင်အမြန်ဆုံးနိုင်ငံကြီးနှစ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေခြင်းကဲ့သို့ အခွင့်အလမ်းများကို
အသုံးချနိုင်ပါက မိမိတို့နိုင်ငံ၏ စားသောက်ကုန်တင်ပို့ရန် စျေးကွက်များမှာ ကပ်လျက်၌
တည်ရှိနေခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့လူဦးရေ သိပ်သည်းမှုအများဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း
မိမိစျေးကွက်ဖြစ်လာ နိုင်သည်။
မြန်မာနိုင်ငံတွင်
မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများအနက် စားသောက်ကုန်ထုတ်လုပ်ငန်းသည် အရေအတွက်အားဖြင့်
၂၃၈၈၇ ခုရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄၉ ဒသမ ၆၃ ရာခိုင်နှုန်းရှိရာ အများဆုံးဖြစ်ကြောင်း၊
စက်မှုဇုန်များတွင် မှတ်ပုံ တင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများတွင် စားသောက်ကုန်ထုတ်လုပ်ငန်းသည်
အရေအတွက် ၂၀၀၄ ခုရှိပြီး အများဆုံးဖြစ်ကြောင်း၊ ပြည်တွင်း MSME မှတ်ပုံတင်စာရင်းအရလည်း
MSME စုစုပေါင်း ၄၉၀၂၅ ခုရှိသည့်အနက် ၉၉၈၄ ခုသည် စားသောက်ကုန်လုပ်ငန်းများဖြစ်ရာ အများဆုံးဖြစ်ကြောင်း
သိရသည်။
“ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့်
စီးပွားရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို
သာမန်သဘောမထားဘဲ အလေးထားကြရန်လို ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက်
အားပေးဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ အဓိကပြည်တွင်းစီးပွားရေး တစ်နည်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို
အားပေးခြင်းပင်ဖြစ်ကြောင်း” မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်
(၂၀၂၅) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်
(၂၀၂၅) ကို စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ထွန်းလာစေရေး၊ စားသောက်ကုန်ထုတ်လုပ်ငန်းကွင်းဆက်
တစ်လျှောက် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊
ပြည်တွင်းစားသုံးမှုဖူလုံစေပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်ပ ဈေးကွက်ကို ထိုးဖောက်တင်ပို့နိုင်ရေး၊
စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစီအမံသစ်များ ဖော်ဆောင်ပေးနိုင်ရေး၊
စားသောက်ကုန်ထုတ်လုပ်ငန်းနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များမှာ
ရှင်းလင်းလွယ်ကူစေရန်နှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များကို
ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရေးဟူသည့် ရည်ရွယ်ချက်များနှင့် ကျင်းပခြင်းဖြစ်ရာ
ဖိုရမ်၏ ရည်ရွယ်ချက်များနှင့်အညီ မြန်မာ့စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အထောက်အကူပြု အရှိန်အဟုန် မြှင့်တင်ပေးနိုင်မည့် ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်ပါစေကြောင်း။
။

No comments:
Post a Comment