၁။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲအောင်စာရင်းကို ထုတ်ပြန်ကြေညာသည်။
(က) အဘိဓမ္မာစာမေးပွဲတွင် စာဖြေဌာနပေါင်း
၁၁၂ ဌာနတို့၌ ဖြေဆိုသူ ၁၄၀၅၄ ဦး၊ အောင်မြင်သူ ၁၁၆၁၅ ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ
၁၉၃၄ ဦးရှိ၍ ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများအနက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ(ထူးချွန်ဆု)ရရှိသူများမှာ-
(၁) ပထမ
ခုံအမှတ်-လျင်/၃၈၊ ဒေါက်တာယဉ်မင်းထက်၊ သန်လျင်စာဖြေဌာန၊
ရန်ကုန်တိုင်းဒေသကြီး၊
(၂) ဒုတိယ
ခုံအမှတ်-တဥ/၁၁၊ ဒေါက်တာ အိအိကျော်၊ တောင်ဥက္ကလာပစာဖြေဌာန၊
ရန်ကုန်တိုင်းဒေသကြီး၊
(၃) တတိယ
ခုံအမှတ်-သရ/၄၊ ဒေါ်မေသော်တာ၊ သရက်စာဖြေ
ဌာန၊ မကွေးတိုင်းဒေသကြီး။
(ခ) အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲတွင် စာဖြေဌာနပေါင်း
၇၉ ဌာနတို့၌ ဖြေဆိုသူ ၂၂၂၅ ဦး၊ အောင်မြင်သူ ၁၅၂၇ ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ
၂၉၄ ဦးရှိ၍ ပြည်တွင်း၊ ပြည်ပစာဖြေဌာနများအနက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု)
ရရှိသူများမှာ-
(၁) ပထမ
ခုံအမှတ်-ခသ/၄၊ ဒေါ်ခင်လေးနွယ်၊ ချမ်းမြသာစည်
စာဖြေဌာန၊ မန္တလေးတိုင်းဒေသကြီး၊
(၂) ဒုတိယ
ခုံအမှတ်-လှိုင်/၂၆၊ ဒေါက်တာမြင့်မြင့်စန်း၊
လှိုင် စာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊
(၃) တတိယ
ခုံအမှတ်-ပြည်/၁၂၊ ဒေါ်ဇာဇာဝင်း၊ ပြည်စာဖြေဌာန၊
ပဲခူးတိုင်းဒေသကြီး။
(ဂ) ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် စာဖြေဌာနပေါင်း
၇၇ ဌာနတို့၌ ဖြေဆိုသူ ၁၅၅၈ ဦး၊ အောင်မြင်သူ ၁၁၉၄ ဦး၊ နှစ်ချင်း ပေါက် သုံးဆင့်လုံးအောင်မြင်သူ
၁၄၇ ဦးရှိ၍ ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများအနက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ(ထူးချွန်ဆု)ရရှိသူများမှာ-
(၁) ပထမ
ခုံအမှတ်-ခရ/၁၄၊ ဒေါ်သင်းသင်းထွေး၊ ခရမ်း
စာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊
(၂) ဒုတိယ
ခုံအမှတ်-ဒိုက်/၅၊ ဒေါ်စောမြတ်စန္ဒာ၊ ဒိုက်ဦး
စာဖြေဌာန၊ ပဲခူးတိုင်းဒေသကြီး၊
(၃) တတိယ
ခုံအမှတ်-ပုလော/၃၊ ဒေါ်ကေသီဝင်း၊ ပုလော
စာဖြေဌာန၊ တနင်္သာရီတိုင်းဒေသကြီး။
၂။ အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယက
အဖွဲ့ Website www.mahana.org.com ၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန
Website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ
သိရသည်။
သတင်းစဉ်
No comments:
Post a Comment