တောင်ကြီး နိုဝင်ဘာ ၁၇
တန်ဆောင်မုန်းလပြည့် ဆေးပေါင်းခသည့်ညတွင် မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်ဆိုသည့် အတိုင်း ဆီမီးများပူဇော်ဆက်ကပ်လှူဒါန်းခြင်းနှင့် အိမ်တိုင်းတွင် အလှမီးများထွန်းခြင်း ဆောင်ရွက် ကြရာ နိုဝင်ဘာလ (၁၅) ရက် ည (၆) နာရီက တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တောင်ကြီးမြို့ပေါ် (၂၂) ရပ်ကွက်မှ အင်အား (၁၀၀၀) ခန့်ဖြင့် မီးပဒေသာ လှည့်လည်ပူဇော်ပွဲ ကျင်းပကြကြောင်းသိရသည်။
မီးပဒေသာလှည့်လည်ပူဇော်ပွဲတွင်
တောင်ကြီးမြို့ပေါ်ရှိ တိုင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူ များက ပြည်နယ်အားကစားကွင်း၌
စုရပ်ပြုလုပ်၍ အလှမီးကြာဆီမီးများ ထွန်းညှိကြပြီး ဗိုလ်ချုပ်အောင်ဆန်းမင်းလမ်းအတိုင်း
လမ်းလျှောက်ကာ စူဠာမုနိလောကချမ်းသာ ဘုရားစေတီအထိ တစ်ပတ်လှည့်လည်ပူဇော်ပေးကြကြောင်းနှင့်
မီးပဒေသာလှည့်လည်ပူဇော်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊
တိုင်းရင်းသူများ၊ ပြည်သူများ၊ ပွဲလာဧည့်ပရိသတ်များ စည်ကားသိုက်မြိုက်စွာကြည့်ရှုအားပေးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့်
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကျင်းပသည့်
ဝေရာမီးပုံးပျံကွင်းသို့သွားရောက်ကာ ပွဲတော်၏ (၅) ရက်မြောက် လပြည့်ညတွင် တေးဂီတများဖြင့်ဖျော်ဖြေနေမှုများ၊
မြို့ပေါ်ရပ်ကွက်များမှ ညမီးကြီးယမ်းမီး၊ စိန်နားပန်မီးပုံးပျံ လွှတ်တင်ယှဥ်ပြိုင်နေမှုကို
ကွင်းလုံးပြည့်စည်ကားသိုက်မြိုက်စွာ ပွဲတော်လာ ပရိတ်သတ်များနှင့်အတူ ကြည်ရှုအားပေးကြပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊
ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက မီးပုံးပျံအသေးလွှတ်တင်ပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment