တောင်ကြီး နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၊ ပြည်နယ်အားကစားလေ့ကျင့်ရုံတို့တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု အားကစားသမားများလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါပဉ္စအကြိမ်မြောက်
အမျိုးသားအားကစားပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းမှ အမျိုးသားအမျိုးသမီးဘောလုံး၊
ဖူဆယ်၊ ဘော်လီဘော၊ အမျိုးသားဘတ်စကတ်ဘော၊ အမျိုးသား၊ အမျိုးသမီးတင်းနစ်၊ စားပွဲတင်တင်းနစ်၊
ဝူရှူး၊ ဗိုလ်ပီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကာယဗလ၊
ကိုယ်ကာယကြံခိုင်၊ ဘီလိယက်နှင့်စနူကာအားကစားသမားများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က
အားပေးစကားပြောကြားရာ ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်ရသည့်အတွက် အောင်မြင်မှုရရှိနိုင်အောင်
အသိစိတ်များထားရှိရန်၊ အားကစားသမားများ၊ နည်းပြများ၊ အသင်းအုပ်ချုပ်ကြီးကြပ်သူများကလည်း
အရေးကြီးပါကြောင်း၊ အားကစားစိတ်ဓာတ်ဖြင့် အောင်နိုင်လိုစိတ်ထားရှိရန်လိုအပ်ပါကြောင်း၊
အားကစားသမားများသည် ကျန်းမာရေး၊ အိပ်ချိန်၊ အစားအသောက်နှင့် လေ့ကျင့်မှုများကို ဂရုစိုက်ပေးကြရန်လိုအပ်ပါကြောင်း၊
အောင်နိုင်လိုစိတ်ထားရှိပြီး ကြိုးစားကြရန်ပြောကြားသည်။
ထို့နောက်
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်ကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်မည့်
လေ့ကျင့်နေသောအားကစားသမားများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်သိန်းကျပ်(၁၀၀)ကို
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ အားကစားသမားများမှ လက်ခံရယူကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment