နေပြည်တော် နိုဝင်ဘာ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ဧလာတိဏ္ဏဗုဒ္ဓရက္ခိတ ကျောင်းတိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာအားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တု ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက်
ဧလာတိဏ္ဏစေတီတော်အား လှည့်လည်ဖူးမြော်ကြည်ညိုပြီး စေတီတော်အား အများပြည်သူ စိတ်ချမ်းမြေ့စွာ
ဖူးမြော်နိုင်ရေး၊ စေတီတော်အတွင်းအပြင် သန့်ရှင်းရေးနှင့် လိုအပ်သည်များ ဆောင်ရွက်နိုင်ရေး
တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပျံချီ ကျေးရွာသို့
သွားရောက်ပြီး နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာအဝင် လမ်းအား ကျောက်ရောမြေ(ရိစာ)
ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုပြီးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့်
လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်အတွင်း
ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲ/ယာရေမြောင်းများ
ရေစီးရေလာကောင်းမွန်စေရေး၊ ရေဝပ်မှုများ မရှိစေရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား
မှာကြားသည်။
ထို့နောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်ရှိ
ရွှေလိပ်ပြာ ဆီစက်သို့သွားရောက်ပြီး ဆီစက်လည်ပတ်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးပြီး
အရည်အသွေးမြင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ စားသုံးဆီများအား ပြည်ပတင်သွင်းမှုကို
လျှော့ချပြီး ပြည်တွင်း၌ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုတက်ရေးတို့အတွက်
အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ
ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့၊ ကန်တော် မင်္ဂလာရှမ်းကန်သို့
သွားရောက်ပြီး ရှမ်းကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ မြေယာရှုခင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အများပြည်သူများ အေးချမ်းစွာအပန်းဖြေအနားယူနိုင်ရေး၊ ရေလည်ဘုရားအား
အများပြည်သူ စိတ်ချမ်းမြေ့စွာ ဖူးမြော်နိုင်ရေးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ
ကပ်လှူပူဇော်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ
ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာသို့
သွားရောက်ပြီး အိမ်ရာဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး အတွက် ကျောက်စီရေမြောင်းများ
ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီးလုပ်ငန်းများ အချိန်မီပြီးစီးရေး၊
သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရေး၊ အိမ်ရာဝင်းအတွင်း သန့်ရှင်းသာယာလှပရေးတို့ကို
ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)
No comments:
Post a Comment