Sunday, September 29, 2024

ဒုတိယဝန်ကြီး ဦးလူမွန် နေပြည်တော် - တပ်ကုန်း - ပင်လောင်း အဝေးဆက်သွယ်ရေးဖိုင်ဘာကေဘယ်လ်ဆက်ကြောင်း ပြတ်တောက်မှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး



နေပြည်တော် စက်တင်ဘာ ၂၈

ပို့ဆောင်‌ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့တွင် ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့မှုများကြောင့် ပြတ်တောက်ခဲ့သည့် နေပြည်တော် - တပ်ကုန်း - ပင်လောင်း အဝေးဆက်သွယ်ရေးဖိုင်ဘာဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေးအတွက် ပြုပြင်ဆောင်ရွက် နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကင်းသာလမ်းခွဲမှတစ်ဆင့် နေပြည်တော် - တပ်ကုန်း - ပင်လောင်း လမ်းတစ်လျှောက် ရေကြီးခြင်း၊ ရေတိုက်စားခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ပြတ်တောက်ခဲ့သည့် ဖိုင်ဘာကေဘယ်လ်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဖိုင်ဘာကေဘယ်လ်ပြုပြင်ရေးအဖွဲ့များက နေပြည်တော် - တပ်ကုန်း - ပင်လောင်း ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်း ပြုပြင်ပြီးစီးမှုနှင့် ဆက်လက်ပြုပြင်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နေပြည်တော် - တပ်ကုန်း - ပင်လောင်း ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်သို့ ချိတ်ဆက်ထားသည့် ဆက်ကြောင်းဖြစ် သဖြင့် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ကျော်လွှား၍ အမြန်ပြန်လည်ကောင်းမွန်စေ ရေးအတွက် ယာယီလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ပုံမှန်လမ်းကြောင်းဖြစ်စေ ရေး ဆက်လက်ပြုပြင်သွားရန်နှင့် ဆက်ကြောင်းအရည်အသွေးကောင်းမွန်စေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment