Sunday, September 29, 2024

မွန်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာစာသင်ကျောင်းများ ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး



မော်လမြိုင် စက်တင်ဘာ ၂၉

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအားဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။ 






ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းအတွင်း ပတ်ဝန်းကျင်သာယာလှပရေးနှင့် ကျောင်းကျန်းမာရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေမှုများအခြေခံပညာစာသင်ကျောင်းများကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်အတွင်း စိုက်ပျိုးထားရှိသော စပါးပင်များ၊ ဖြစ်ထွန်းအောင်မြင်နေမှုတို့ကို လှည့်လည်ကြည့်ရှု၍ သန့်ရှင်းသာယာမှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်းသာယာလှပစေရေး ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment