မန္တလေး ဇွန် ၁
သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာ တက္ကသိုလ်ဝင်းအတွင်း ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်၌
တက်ရောက်လာသူများနှင့်အတူ အရိပ်ရပင်များ စိုက်ပျိုးပြီး
လိုက်လံကြည့်ရှုအားပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတွင်
၂၀၂၄ ခုနှစ် မိုးရာသီ အတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့်
လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းကို ပျိုးပင်ပေါင်း ၂၇ သိန်းကျော်ကို
စိုက်ပျိုးသွားမည်ဖြစ်ပြီး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်
စိုက်ပျိုးပွဲ ၂၇ ကြိမ်၊ ပျိုးပင်ပေါင်း ၁၄၁၅၀ စိုက်ပျိုးသွားရန် လျာထားလျက်ရှိရာ ၂၀၂၄
ခုနှစ် မိုးရာသီ အကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်၊ ပျဉ်းမ၊ ယင်းမာ၊ မယ်ဇယ်၊
မဲဇလီ၊ စိန်ပန်း၊ ခရေ စသည့် အပင် ၆၉၀ တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment