နေပြည်တော် ဇွန် ၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသုံးစာရေးကိရိယာနှင့် ဝတ်စုံစရိတ်ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ရုံးဌာနများ၌ တစ်ပြိုင်တည်း ကျင်းပသည်။
အဆိုပါအခမ်းအနားသို့
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး
ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ
ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများသည် နေပြည်တော်ရှိ
ရုံးအမှတ်(၂၇)၌ တက်ရောက်ကြသည်။ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးဌာနများတွင်လည်း
ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး
နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် လူငယ်ကဏ္ဍ
မြှင့်တင်ရေးအတွက် မိဘ၊ ဆရာနှင့် တာဝန်ရှိသူများ အားလုံးကဝိုင်းဝန်း၍
အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ခေတ်နှင့်အညီ တိုးတက်မှုရှိရေးဦးတည်ဆောင်ရွက်နေသည့်
အခြေခံပညာရေးစနစ်၏ အကောင်အထည်ဖော်မှု အခြေအနေများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
အလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့်
ကျောင်းသား ကျောင်းသူများအတွက် ဝတ်စုံစရိတ်နှင့် အလယ်တန်းအဆင့် ကျောင်းသား
ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများကိုလည်းကောင်း၊
ပြည်ထောင်စုဝန်ကြီး၏ဇနီးက မူလတန်းအဆင့်နှင့် မူကြိုအဆင့် ကျောင်းသား
ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
အလားတူ
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးဌာနအသီးသီးတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်
မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား
ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် ဝတ်စုံစရိတ်များကို သက်ဆိုင်ရာဌာနအကြီးအကဲများက
ပေးအပ်ကြသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ကြီးကြပ်မှု အောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းများတွင်
တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏သားသမီးများအနက် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင်
ပညာသင်ကြားကြမည့် မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား
ကျောင်းသူစုစုပေါင်း ၁၃၃၈၃ ဦးအတွက် ထောက်ပံ့ကြေးငွေနှင့် စာရေးကိရိယာများ
ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားအပြီးတွင်
ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး
ရေးလုပ်ငန်း မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲသို့ ရောက်ရှိရာ တာဝန်ရှိသူများက
လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပါ်
ပြည်ထောင်စုဝန်ကြီးက မီတာစမ်းသပ်မှုများပြုလုပ်ရန် စမ်းသပ်ကိရိယာများ
ရောက်ရှိနေပြီးဖြစ်ပါ၍ ၎င်းလုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပါက သတ်မှတ်ထားသည့်
တစ်ရက်မီတာအလုံးရေ ၄၀၀ နှုန်းဖြင့် တစ်လလျှင် မီတာအလုံးရေ ၁၂၀၀၀၊ တစ်နှစ်လျှင်
မီတာအလုံးရေ ၁၅၀၀၀၀ ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့်
ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ်အရည်အသွေးနှင့် လုံခြုံမှုရှိစေရန်
စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး မီတာများ စမ်းသပ်စစ်ဆေးနိုင်ရန်အတွက်
စက်ကိရိယာများ တပ်ဆင်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကာ
မီတာများစမ်းသပ်စစ်ဆေးရေး သင်တန်းပို့ချပေးခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment