ရန်ကုန် ဇွန် ၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အစည်းအဝေးခန်းမ၌ ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂီတအလွှာပေါင်းစုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံပွဲသို့
ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)
ယာယီအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် ဂီတအလွှာပေါင်းစုံမှ ဂီတအနုပညာရှင်များ
တက်ရောက်ကြသည်။
ဝိုင်းဝန်းအကြံပြု
ဆွေးနွေး
ဦးစွာ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ ဆွေးနွေးပွဲသို့ ဂီတအလွှာအသီးသီးမှ အနုပညာရှင်များ
စုံညီစွာ တက်ရောက်လာကြသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ဂီတလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အနာဂတ်ကာလတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း၊
ပါတီနိုင်ငံရေးပတ်သက်မှုများကြောင့် အနုပညာလောကြီးတစ်ခုလုံးယုတ်လျော့ပြီး ပြိုကျလုနီးပါးဖြစ်ခဲ့ပါကြောင်း၊
အနုပညာရှင်များသည် ပြည်သူများ ပျော်ရွှင်စေရန်၊ ငိုနေသောပြည်သူများ
ပြုံးပျော်လာစေရန်၊ တစ်နည်းအားဖြင့် အနုပညာရှင်များသည် ပြည်သူ့အတွက်
ဖျော်ဖြေပေးချိန်ရောက်ရှိနေပြီဟု မြင်ပါကြောင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး
ပြန်လည်ဖွဲ့စည်းရာတွင် ဂီတအလွှာပေါင်းစုံမှ အနုပညာရှင်များ ပါဝင်စေလိုသည့်အပြင် လူငယ်ပိုင်းအတွက်
ကိုယ်စားပြုသူများလည်း ပါဝင်စေလိုပါကြောင်းနှင့် အများအကျိုးအတွက် ဆောင်ရွက်နိုင်သူများ
ပါဝင်ကြစေလိုပါကြောင်း။
ဂီတအနုပညာရှင်များ၏
ရပိုင်ခွင့်များ ရရှိရေးအတွက်လည်း မူပိုင်ခွင့်ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး
လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ခြင်းဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ဇွန် ၂၇ ရက်တွင် ရောက်ရှိမည့် မြန်မာ့ဂီတနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌
ဖျော်ဖြေတင်ဆက်ရန်စီစဉ်မှုတွင် ပြည်သူတစ်ရပ်လုံးမှ မျှော်လင့်နေချိန်ဖြစ်၍ သင့်တော်ကောင်းမွန်ပါကြောင်း၊
အဆိုပါ ဖျော်ဖြေတင်ဆက်မှုတွင် ဂီတအလွှာပေါင်းစုံမှ ဂီတပညာရှင်များ အားလုံးညီညီညွတ်ညွတ်ဖြင့်
ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း၊ နိုင်ငံတော်ဘက်မှလည်း လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။
ရှေ့ပြေးဆောင်ရွက်ချက်တစ်ခု
ဖြစ်လာမည်ဟုမြင်
ဂီတဖျော်ဖြေပွဲကို
ခမ်းခမ်းနားနားသပ်သပ်ရပ်ရပ်ဆောင်ရွက်ခြင်းဖြင့် ဂီတအကယ်ဒမီဆုပေးပွဲ
အခမ်းအနားများအတွက် ရှေ့ပြေးဆောင်ရွက်ချက်တစ်ခု ဖြစ်လာမည်ဟုမြင်ပါကြောင်း၊ ဂီတအကယ်ဒမီဆု
ချီးမြှင့်နိုင်ရေး ဆုအမျိုးစားနှင့် အရေအတွက် ဆုချီးမြှင့်ရွေးချယ်အဖွဲ့
ဆုရွေးချယ်နိုင်ရန် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို အသေးစိတ်ကြိုတင် ညှိနှိုင်းဆောင်ရွက်
ပေးကြစေလိုပါကြောင်း၊ ဂီတလောကသားများ၏ သဘောထားမှတ်ချက်များ စုစည်းပြီး ပထမဆုံးကျင်းပမည့်
အခမ်းအနားကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့
ကြိုးပမ်းမှုမှ အားနည်းချက်များကို သုံးသပ်ပြီးဆက်လက်ကျင်းပမှုများအတွက် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ကြရမည်
ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ
ဦးလွင်မြင့်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တက်ရောက်လာကြသည့်
အလွှာအသီးသီးမှ ဂီတအနုပညာရှင်တို့က မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ပြန်လည်ဖွဲ့စည်းနိုင်ရေး၊
ဂီတအနုပညာရှင်များ ခံစားခွင့်စနစ်တကျရရှိနိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေနှင့်အညီ
ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ မူပိုင်ခွင့်ဥပဒေနှင့် ဆောင်ရွက်ရန်မရှိသေးမီ အဖွဲ့များနှင့်
ပေါင်းစပ်ဆောင်ရွက်ရေး၊ ၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်တွင် မြန်မာ့ဂီတနေ့အခမ်းအနားကို ရန်ကုန်မြို့
အမျိုးသားကဇာတ်ရုံတွင် ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊
မြန်မာ့ဂီတနေ့အခမ်းအနားကျင်းပနိုင်ရေး၊ ဂီတအကယ်ဒမီဆုရွေးချယ်ချီးမြှင့်နိုင်ရန်အတွက်
ဂီတလောကသားများ ပူးပေါင်းပါဝင်ပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
အဆိုပါ
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့် မြို့နယ်ဥယျာဉ်ရပ်ကွက်ရှိ အမှတ် (၁၈-A)တွင် စာဆိုဗိမာန်
အဆောက်အအုံတည်ဆောက်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ
တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့်
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က
စာဆိုဗိမာန်အဆောက်အအုံ တည်ဆောက်မည့်ပုံစံ၊ ကုန်ကျစရိတ်၊ အဆောက်အအုံဆောက်လုပ်မည့်
နေရာတို့ကို ရှင်းလင်းတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်သည်
စာပပညာရှင်များနှင့် ပြည်သူများ လာရောက်လေ့လာနိုင်ကြမည့် နေရာ၊ စာပေဆွေးနွေးပွဲများ
ပြုလုပ်နိုင်မည့် နေရာဖြစ်စေလိုပါကြောင်း၊ အေးအေးချမ်းချမ်းစာပေများ
ဖတ်ရှုနိုင်ရန်နှင့် နားခိုရန်နေရာတစ်ခုဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ စာဆိုဗိမာန်အဆောက်အအုံသည်
မြန်မာနိုင်ငံအတွက် မရှိမဖြစ် အဆောက်အအုံဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏
အထောက်အပံ့ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပြသရာရောက်ပါကြောင်း၊
စာပေလောကအတွက်လည်း အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း
စာဆိုဗိမာန်အဆောက်အအုံကို အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ညွှန်ကြားထားပါကြောင်း၊
စည်းကမ်း စည်းမျဉ်းဘောင်အတွင်းမှ လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်စေလိုပါကြောင်း
ပြောကြားသည်။
လိုအပ်သည်များမှာကြား
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ စာဆိုဗိမာန်တည်ဆောက်မည့် မြေနေရာကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းမီဒီယာများနှင့်
တွေ့ဆုံ
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်ရှိ
ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံသတင်းမီဒီယာဥက္ကဋ္ဌနှင့်
သတင်းမီဒီယာများ တွေ့ဆုံ၍ လက်ရှိထုတ်ဝေဖြန့်ချိလျက်ရှိသော သတင်းစာဂျာနယ်များ ထုတ်ဝေဖြန့်ချိနေမှု
အခြေအနေနှင့် သတင်းမှန်များ ဖော်ပြပေးနေမှုအခြေအနေများ၊ ဖြန့်ချိရေးလုပ်ငန်းများနှင့်
ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေမှုအခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment