Saturday, May 11, 2024

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ ကျောင်းသားများ သုတေသနဆောင်ရွက်နေမှုကြည့်ရှုအားပေး

 


နေပြည်တော် မေ ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၈ ရက် နံနက်ပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံမှ နည်းပညာအထောက်အပံ့ဖြင့် ဖွင့်လှစ်သည့် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT)သို့ ရောက်ရှိပြီး အဆိုပါတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အမျိုးသားရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရာ၌ အထောက်အကူပြု မည့် အရည်အသွေးစံမီသော လူငယ် IT အင်ဂျင်နီယာကောင်းများကို ပျိုးထောင်ပေးကာ ပြည်သူ့အကျိုးပြု IT သုတေသနစီမံကိန်းများဖြင့် လွှမ်းခြုံသက်ဝင်နေသည့် ရပ်ဝန်းကောင်းဖြစ်စေရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းမြှင့်တင်ဆောင်ရွက်ရန်၊ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာအရွေ့နှုန်းတို့နှင့်အတူ လိုက်ပါနိုင်ရေးနှင့် စွမ်းရည်မြင့်နိုင်ငံ့ ဝန်ထမ်းကောင်းများဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး လိုအပ်ချက်တင်ပြ မှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက်ဒုတိယဝန်ကြီးသည် ဌာနများရှိ လက်တွေ့ခန်းများတွင် အဖွဲ့လိုက် သုတေသနပရောဂျက်များ ဆောင်ရွက်နေသေ ကျောင်းသားများကို ကြည့်ရှုအားပေးပြီး သုတေသနရလဒ်များနှင့် တိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ AI (Artificial Intelligence) ကို အသုံးချသည့် Smart Agriculture ၊ Cyber Security ၊ EV (Electric Vehicle)၊ Industrial Engineering ၊ E-commerce နှင့် Healthcare ဆိုင်ရာ သုတေသနများကို မြှင့်တင်ဆောင်ရွက်သွားရန်၊ တိုင်းကျိုးပြည်ပြုသုတေသနစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာ IT ပြိုင်ပွဲများတွင် ဆုများရရှိသော နိုင်ငံ့ဂုဏ်ရောင်ထွန်းပြောင်စေသည့် နည်းပညာကျောင်းသားများဖြစ်စေရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူကောင်းလူတော်နည်းပညာရှင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment