နေပြည်တော် မေ ၃၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) ၌ အသစ်တည်ဆောက်ပြီးစီးခဲ့သော ကျောင်းသားဆောင် (သံလွင်ဆောင်) နှင့် ကျောင်းသူဆောင် (မြရည်နန္ဒာဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပင်မဆောင် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်၊ ဒုတိယပါမောက္ခချုပ်များ၊
ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ အင်ဂျင်နီယာမှူးကြီးများ၊ ဌာနခွဲမှူးများ၊
တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ပါမောက္ခချုပ်၊
ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျောင်းသားဆောင် (သံလွင်ဆောင်) နှင့်
ကျောင်းသူ ဆောင် (မြရည်နန္ဒာဆောင်) တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကျောင်းသား
ကျောင်းသူများ နေထိုင်မည့်အခန်းများ၊ ထမင်းစားဆောင်၊ သန့်စင်ခန်း၊ ရေချိုးခန်းများနှင့်
အဆောင်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေးအတွက် အဆိုပါကျောင်းဆောင်
သစ်များကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး (၂၁၂ ပေ x ၁၃၂ ပေ x ၄၂ ပေ) အကျယ်အဝန်းရှိသည့်
၂၄၀ ဆံ့ သုံးထပ်ဆောင်များဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် အဆောင်များ
မရှိခြင်းကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် ပြင်ပအဆောင်များတွင် နေထိုင်ခဲ့ရပြီး
ကုန်ကျစရိတ်များပြားခဲ့သည်။ ယခုအခါ အဆောင်သစ်များ တည်ဆောက် ပေးနိုင်သည့်အတွက် ကျောင်းသား
ကျောင်းသူများအနေဖြင့် အဆောင်လခ၊ စားစရိတ်၊ ခရီး စရိတ်များသက်သာမည့်အပြင် တက္ကသိုလ်ပရဝဏ်အတွင်း
အေးချမ်းလုံခြုံစွာ နေထိုင်နိုင် တော့မည်ဖြစ်သည်။
အဆောင်တိုင်းတွင် ကျောင်းသားတစ်ဦးစီအတွက် ခုတင်၊ အဝတ်ဗီရို၊ စာကြည့်စားပွဲ၊ ကုလား
ထိုင်နှင့် အခန်းတိုင်းတွင် မျက်နှာကြက်ပန်ကာများ တပ်ဆင်ပေးထားပြီး ၂၄၀ ဆံ့ ထမင်းစား
ဆောင်များ ထည့်သွင်းတည်ဆောက်ပေးထားကြောင်းနှင့် တက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည့် ဇွန်
၃ ရက်မှစတင်၍ ကျောင်းသား ကျောင်းသူများကို အဆောင်သစ်များတွင် စတင်နေထိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment