နေပြည်တော် မေ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီ စာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊
ဌာနဆိုင်ရာများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာကြည့်တိုက်အသစ် တည်ဆောက် ဖွင့်လှစ်ရန်နှင့်
ပြုပြင်ရန် စာကြည့်တိုက်များကို နေပြည်တော် စာကြည့်တိုက်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီနှင့်
ခရိုင်၊ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီများက ကြီးကြပ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကြီးကြပ်မှုကော်မတီဖွဲ့စည်းဆောင်ရွက်မှု
အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများက
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး၊ စံနှုန်းမီ
စာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စံနှုန်းမီစာကြည့် တိုက်များ၊
စာကြည့်တိုက်ဆောက်လုပ်ရန် မြေနေရာများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက
လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီရုံး၌ ကျင်းပသည့် စက်မှုဇုန်ကြီးကြပ်ရေး
ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ
တိုးချဲ့ ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇေယျာလင်းနှင့်
ဌာနဆိုင်ရာများက စက်မှုဇုန်အတွင်း လျှပ်စစ်ပိုင်းဆိုင်ရာများ၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး
ဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်
ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်
တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် မင်းပြင်ကျေးရွာ
ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းကာ မင်းပြင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ဆောင်များ ပြင်ဆင်ထားမှုနှင့်
ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် မင်းပြင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများနှင့်
တွေ့ဆုံပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်ဝ
စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်အောင် စနစ်တကျ ဆောင်ရွက်ကြ
ရန်လိုကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အလေးထား ဆောင်ရွက်ကြစေလိုကြောင်း
ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများအတွက်
ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ ကျေးရွာစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များ၊
ဆီထွက်သီးနှံမျိုးစေ့များနှင့် ရတနာတန်းဝင်ကျွန်းပင်များကို ထောက်ပံ့ ပေးအပ်ကြပြီး
ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် သစ်ပုတ်ပင်ကျေးရွာ
၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံအတွင်း ဆေးကုသမှုခံယူနေကြသည့် ပြည်သူများကို
ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားပြောကြားကာ ဆေးရုံအတွက် ထောက်ပံ့ငွေ နှင့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊
ဒေသခံပြည်သူများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment