နေပြည်တော် မေ ၁၂
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၅၄၀၀၊ ရွှေမဲဆိပ်ကမ်း (SMJ) မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀၊ Wilmar (Wilmar International Port Terminal) ဆိပ်ကမ်းမှ ဆန်တန်ချိန် ၄၈၅၀ တင်ပို့ခဲ့သည်။
ထို့ပြင် မေ ၁၅ ရက်တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ပြောင်းဖူးစေ့တန်ချိန် ၇၁၉၀၀
နှင့် ဆန်တန်ချိန် ၆၀၀၀၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)မှ ပြောင်းဖူးစေ့တန်ချိန် ၅၃၅၀၀၊
အလုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT) မှ ပြောင်းဖူးစေ့တန်ချိန် ၅၈၄၀၀ ၊ ဆန်တန်ချိန်
၁၂၅၀၀ ၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal- TMT)မှ ပြောင်းဖူးစေ့
တန်ချိန် ၂၉၅၀၀၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၅၄၀၀၊ Yangon
International Gateway Terminal(YIGT)မှ ပြောင်းဖူးစေ့တန်ချိန် ၁၁၀၀၀ ၊ Myanmar
Five Star Line (MFSL) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment