နေပြည်တော် မေ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ သမဝါယမဦးစီးဌာနရုံးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ပြည်နယ် အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဦးစီးဌာနအလိုက်၊ ရုံးအလိုက် ဝန်ထမ်းသက်သာချောင်ချိရေးကို
ဆောင်ရွက်ပေးရန်၊ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝ မြင့်မားတိုးတက်ရေးအတွက် ဌာနတွင်း
ရာထူးတိုးစာမေးပွဲများ ယှဉ်ပြိုင်သကဲ့သို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခေါ်ယူသော တစ်ဆင့်
မြင့်ရာထူးများအတွက်လည်းကောင်း၊ နိုင်ငံခြားပညာသင်ဆုများကိုလည်းကောင်း အရည် အချင်းကိုက်ညီသူများအနေဖြင့်
ဝင်ရောက်ဖြေဆိုကြရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို
အမြန်စတင်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သမ ဝါယမဦးစီးဌာနအနေဖြင့် လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင်
ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးများက လိုအပ်သည်များ
ကြိုတင်စီမံဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားကာ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment