ကျေးလက်ညိုညို
စာရေးသူသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် လူထုဗဟိုပြုစီမံကိန်း အတွေ့အကြုံဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များအတွက် ပြည်ပနိုင်ငံ များသို့ သွားရောက်ခဲ့ဖူးပါသည်။ ၂၀၂၃ ခုနှစ်အတွင်း ၂၆-၁၁-၂၀၂၃ ရက်နေ့ မှ ၂-၁၂-၂၀၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၏ Sufficiency Economic Philoso-phy-SEP အစီအစဉ်နှင့် ဆောင်ရွက်ထားသည့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော်မှုအခြေအနေများကို Theory ပိုင်း လေ့လာခြင်း၊ ကျေးရွာနှစ်ရွာကို လက်တွေ့ကွင်းဆင်းလေ့လာခြင်းတို့ကို “ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာန၏ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ”မှ ထောက်ပံ့ငွေဖြင့် ကျခံကာ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ငွေဖြင့်ပင် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လန်ချန်း-မဲခေါင်စီမံကိန်းမြို့များရှိ ဆင်းရဲမှုလျှော့ချရေးကျေးရွာများသို့ လေ့လာရေးအစီအစဉ်ဖြင့် ၃-၁၂-၂၀၂၃ရက်နေ့မှ ၁၀-၁၂-၂၀၂၃ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဆင်းရဲမှုပပျောက်ရေးနှင့်
ကျေးလက်ဒေသရှင်သန်ဖြစ်ထွန်းရေးလုပ်ငန်းများအား လေ့လာခြင်းနှင့် လေ့လာရေး ခရီးစဉ်တစ်လျှောက်မှ
ရရှိလာသော အတွေ့အကြုံများအပေါ် အခြေခံပြီး မိမိတို့နိုင်ငံ၏အခြေအနေ နှင့် ကိုက်ညီသော
Project Design ကို ရေးဆွဲ၍ သက်ဆိုင်ရာ မဲခေါင်-လန်ချန်းနိုင်ငံအသီးသီး၏ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများတွင်
ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်နှင့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ
လူထုဖွံ့ဖြိုးရေးဌာနမှ ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးသွားရောက်သူများ
ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံ အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်သူများမှာ
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စာရေးသူနှင့် ဆင်းရဲမှုလျှော့ချရေးနှင့်
သက်မွေးဝမ်းကျောင်းအထောက် အကူပြုဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောဟိန်း၊ မန္တလေးတိုင်းဒေသကြီး
သာစည်မြို့နယ် ကြက်မောက်ကျေးရွာမှ မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်ရတနာအောင်ကျော်
မင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ရိုးကြီးကျေးရွာမှ မြစိမ်းရောင်ကျေးရွာကော်မတီဝင်
တစ်ဦးဖြစ်သူ ဘဏ္ဍာရေးမှူး ဒေါ်အေးစန်းဝေတို့ တက်ရောက်ခဲ့ပါသည်။
မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့်
ထိုင်းနိုင်ငံတို့မှ လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာအစိုးရအရာရှိနှစ်ဦးနှင့်
ကျေးရွာသူ ကျေးရွာသား နှစ်ဦး စုစုပေါင်း လေးဦးစီ တက်ရောက်ခဲ့ပါသည်။ အိမ်ရှင်ထိုင်းနိုင်ငံကလည်း
ပြည်ထောင်စုအဆင့်၊ ဒေသန္တရအဆင့် ကျေးရွာအဆင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါ
သည်။ ရက်သတ္တနှစ်ပတ်ကြာ လေ့လာရေးခရီး သွားရောက်ခဲ့ရသောကြောင့် ချစ်ကြည်ရင်းနှီးမှုများ
ပိုမိုရရှိခဲ့ပါသည်။ လေ့လာရေးခရီးစဉ်တွင် ယခင်မဲခေါင်-လန်ချန်း ညှိနှိုင်းအစည်းအဝေးများတွင်
အတူတက်ရောက်ခဲ့သူများ ပါဝင်ခဲ့သဖြင့် အထူး ပျော်ရွှင် ဝမ်းမြောက်ခဲ့ပါသည်။
ထိုင်းနိုင်ငံ လေ့လာရေးခရီးစဉ်
၂၇-၁၁-၂၀၂၃ ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ရှိ Central Government Complex ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံ
လူထုဖွံ့ဖြိုးရေးဌာန၊ စီးပွားရေးနှင့်လူထုဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ဘဏ္ဍာရေးနှင့် အသေးစား
ငွေရေးကြေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ
ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ထိုင်းနိုင်ငံ စီးပွားရေးနှင့် လူထုဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးက
ထိုင်းနိုင်ငံ၏ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး
ဘဏ္ဍာရေးနှင့် အသေးစားငွေရေးကြေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်
ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည့်စုံဖူလုံသော စီးပွားရေးဖြစ်ထွန်းလာစေရေး
ဒဿနအခြေခံသည့် ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေးအသိပညာ (Sufficiency Economy
Philosophy-SEP) ဖြင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုအခြေအနေနှင့် ရရှိလာသော အတွေ့အကြုံကောင်းများအား
ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၂၈-၁၁-၂၀၂၃ ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အသေးစားငွေရေးကြေးရေးဦးစီးဌာန ညွှန်ကြား
ရေးမှူးက အခြေခံလူတန်းစားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ကျေးရွာတစ်ရွာ
ထုတ်ကုန်တစ်မျိုး ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်းပြည်ပ နိုင်ငံတကာဈေးကွက်သို့
ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ဆောင်ရွက်သည့်ကျေးရွာများအား
ကမ္ဘာလှည့်ခရီးသွားဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ
နိုင်ငံအလိုက် Country Presentation ရှင်းလင်းတင်ပြခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် စာရေးသူက
Poverty Reduction on Sustainable Rural Development Measures ခေါင်းစဉ်ဖြင့် ရှင်းလင်း
တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ၂၉-၁၁-၂၀၂၃
ရက်နေ့ Silk Festival-Silk Success Sustainabi-lity အရောင်းစင်တာရှိ ကျေးလက်ထုတ်ကုန်များ
ရောင်းချလျက်ရှိသည့် ဆိုင်ခန်းများသို့ သွားရောက်လေ့လာခဲ့ပါသည်။ ထို့နောက် နာခွန်နာရော့ခ်
ပြည်နယ်ရှိ ဘန်သန်ကျေးရွာတွင် ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေးအသိပညာဖြင့်
(Sufficiency Economy Philosophy-SEP) ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊
ရန်ပုံငွေထူထောင် ထားရှိမှု အခြေအနေများ၊ မီးဖိုချောင် စွန့်ပစ်အမှိုက်များမှ သဘာဝမြေဩဇာထုတ်လုပ်ခြင်း၊
တစ်နိုင် တစ်ပိုင်သုံး မြေဆွေး၊ မြေဩဇာပြုလုပ်ခြင်းနှင့် စွန့်ပစ်တာယာများဖြင့် အလှပန်းအိုး
စိုက်ပျိုး ရောင်းချနေမှုများကို သွားရောက်လေ့လာခဲ့ပါသည်။
ထူးခြားချက်မှာ စီမံကိန်းအား ဦးဆောင်သူမှာ လူငယ်တစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံ၌
စိုက်ပျိုးရေး လုပ်ငန်းများ သွားရောက်လုပ်ကိုင်အတွေ့ကြုံများ ရယူကာ မိမိကျေးရွာစီးပွားရေး၊
လူနေမှုအဆင့် အတန်းမြင့်မားအောင် တက်တက်ကြွကြွဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာသူ ကျေးရွာသားများက
အားတက်သရော လိုက်ပါဆောင်ရွက်ကြကြောင်း အားကျဖွယ် တွေ့ရှိရပါသည်။
၃၀-၁၁-၂၀၂၃ ရက်နေ့တွင် Ban Ban Khan Tai ကျေးရွာရှိ စွန့်ပစ်အမှိုက် စီမံခန့်ခွဲ
မှုစနစ်များ၊ စွန့်ပစ်အမှိုက် ပြန်လည်အသုံးချသည့် နည်းလမ်းများနှင့် Green House စနစ်ဖြင့်
ဥယျာဉ်ခြံ စိုက်ပျိုး ရေးလုပ်ငန်းများသို့ သွားရောက်လေ့လာခဲ့ပါသည်။ ဆက်လက်၍ ၂-၁၂-၂၀၂၃
ရက်နေ့တွင် ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှု Center သို့ သွားရောက်လေ့လာခဲ့ပါသည်။
မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ရေးဆွဲထားသော ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ
စီမံကိန်းဒီဇိုင်း၏ Action Plan ဆွေးနွေးခြင်း
ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေးအသိပညာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်မှ
ရရှိလာသောအတွေ့အကြုံကောင်းများကို အခြေခံ၍ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ မိမိတို့
နိုင်ငံနှင့် ကိုက်ညီသည့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စီမံကိန်းရေးဆွဲ၍ နိုင်ငံအလိုက်ဆောင်ရွက်မည့်
Action Plan ရေးဆွဲတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့်ကိုက်ညီသည့် ဆင်းရဲမှုလျှော့ချ
ရေးဆိုင်ရာစီမံကိန်းအား “Enhancing Rural Livelihoods for Poor Households in
Myanmar” စီမံကိန်းအမည်ဖြင့်ရေးဆွဲခဲ့ပြီး ဆောင်ရွက်မည့်အစီအစဉ် Action Plan အား ၁-၁၂-၂၀၂၃
ရက်နေ့ တွင် စာရေးသူက ဘန်ကောက်မြို့ အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ပါသည်။
တရုတ်နိုင်ငံ လေ့လာရေးခရီးစဉ်
မဲခေါင်-လန်ချန်းအဖွဲ့ဝင် ကိုယ်စားလှယ်များသည် ၃-၁၂-၂၀၂၃ ရက်နေ့တွင် အလုပ်ရုံ
ဆွေးနွေး ပွဲတက်ရောက်ရန်နှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အတွေ့အကြုံကောင်းများ သွားရောက်လေ့လာရန်အတွက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကူမင်းမှတစ်ဆင့်
လင်ချန်းမြို့သို့ လေယာဉ်နှစ်ဆင့်စီး၍ ရောက်ရှိခဲ့ ပါသည်။ ၄-၁၂-၂၀၂၃ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား
ကျင်းပဆောင်ရွက်ခဲ့ပြီး လင်ချန်းမြူနီစီပယ်အစိုးရမှ တာဝန်ရှိသူများ(International
Poverty Reduc-tion Centre in China- IPRCC) (အပြည်ပြည် ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာန)
ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် တာဝန်ရှိသူများ ယူနန်ပြည်နယ် IPRCC ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင်
တာဝန်ရှိသူများက တက်ရောက်ခဲ့ပါသည်။ ဒီဇင်ဘာလဖြစ်၍ ဆောင်းရာသီ အအေးဓာတ် သိသိသာသာခံစားရကာ
မြန်မာ၊ ထိုင်းနှင့် အလွန်ကွာခြားသည့် ရာသီဥတုပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပါသည်။
၄-၁၂-၂၀၂၃ ရက်နေ့တွင် (International Poverty Reduction Centre in China-IPRCC)
အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာနမှ တာဝန်ရှိသူများက တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာမူဝါဒနှင့် နည်းဗျူဟာများ၊ ရိုးရာယဉ်ကျေးမှုနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ယူနန်ပြည်နယ်အစိုးရတာဝန်ရှိသူမှ ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေးအသိပညာ
(Sufficiency Economy Philosophy-SEP) ကို အခြေခံ၍ ကျေးလက်စီးပွားရေး၊ လူမှုရေးနှင့်
ရိုးရာယဉ်ကျေးမှုဖွံ့ဖြိုးလာစေရန်အတွက် လုပ်ငန်း ဆောင်ရွက်ချက်များ တင်ပြဆွေးနွေးခဲ့ပြီး
လင်ချန်းမြူနီစီပယ်အစိုးရတာဝန်ရှိသူက ဒေသထွက် သဘာဝအရင်းအမြစ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ
ပေါင်းစပ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အစိုးရ၊ ပြည်သူ၊
ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသည့် အတွေ့အကြုံကောင်းများကို မျှဝေဖလှယ်ဆွေးနွေးခဲ့ပါ
သည်။
ဆက်လက်၍ အဖွဲ့ဝင်ကိုယ်စားလှယ်များအဖွဲ့သည် ၅-၁၂-၂၀၂၃ ရက်နေ့တွင် ဘိုရှန်းမြို့နယ်
အိုးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းသို့လည်းကောင်း၊ လန်ချန်းမြို့နယ် ဇုန်ရှန်ကျေးရွာ
ဝါးလုပ်ငန်းစက်ရုံသို့လည်းကောင်း၊ လန်ချန်းနည်းပညာကောလိပ်သို့လည်းကောင်း သွားရောက်လေ့လာခဲ့ပါသည်။
၇-၁၂-၂၀၂၃ ရက်နေ့တွင် ဖန်ကျင်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ သစ်ကြားသီးစိုက်ပျိုး
ထုတ်လုပ် ရေးလုပ်ငန်း၊ Erdahoe ကျေးရွာရှိ ခရီးသွားလုပ်ငန်း နှင့် လန်ချန်းမြို့ရှိ
ပြည်သူ့ဆေးရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။ ၈-၁၂-၂၀၂၃ ရက်နေ့တွင် အန်ရှီ ကျေးရွာရှိ
လက်ဖက်စိုက်ပျိုးထုတ်လုပ်နေမှုနှင့် ဈေးကွက်ချိတ်ဆက်ရောင်းချနေမှုတို့ကို သွားရောက်လေ့လာခဲ့ပါသည်။
လန်ချန်းခရီးစဉ်ပြီးဆုံး၍ ကူမင်းသို့ ပြန်လာစဉ် ကူမင်း၌ ယခင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနနှင့် IPRCC စီမံကိန်း အတူလက်တွဲဆောင်ရွက်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်
ရေးဦးစီးဌာနရုံးတွင် တစ်နှစ်ကျော်စီခန့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကဏ္ဍအလိုက် စီမံကိန်း
တာဝန်ခံများ ပြန်လည်တွေ့ဆုံ၍ အားလုံးပျော်ရွှင်ဝမ်းမြောက်ခဲ့ပါသည်။ ယူနန် IPRCC အဖွဲ့
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ၌ ကာလရှည်တာဝန်ထမ်းဆောင်ခဲ့ကြသူများက
ကူမင်းတွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
မိမိတို့ဝန်ကြီးဌာနမှ လက်တွေ့ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဆိုင်ရာ လေ့လာခွင့်ရရှိ၍ တိုက်ရိုက်ပြန်လည်အသုံးချနိုင်သည့် အသိပညာ၊ အတွေ့အကြုံဗဟုသုတများ
ရရှိခဲ့ပါသည်။ ရရှိသည့်အတွေ့အကြုံအပေါ်မူတည်၍ ကျေးရွာတစ်ရွာတွင် မိမိနိုင်ငံနှင့် ကိုက်ညီသည့်
စီမံကိန်းဒီဇိုင်းနှင့် ဆောင်ရွက်မည့် Action Plan တို့ကို ယူနန်ပြည်နယ် လန်ချန်းမြို့၌
Work Plan နှင့် Budget Plan ပါ ပူးတွဲ၍ ၆-၁၂-၂၀၂၄ ရက်နေ့တွင် တင်ပြခဲ့ရပါသည်။
ထိုစီမံကိန်းဆောင်ရွက်ရန်အတွက် တစ်နိုင်ငံ လျှင် USD(10000) ကို ထိုင်းနိုင်ငံ
လူထုဖွံ့ဖြိုးရေးဌာန မှ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ
လေးလအတွင်း စီမံကိန်း အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း တစ်ပါတည်း သတင်းပေးခဲ့ပါသည်၊၊
လေ့လာရေးခရီးစဉ်မှ ပြန်လာပြီး သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အထွေထွေပိုလျှံရန်ပုံငွေ(GRF)
မှ သုံးစွဲခွင့် တင်ပြ ခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အချိန်မီရရှိခဲ့ပါသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထိုင်း နိုင်ငံ လူထုဖွံ့ဖြိုးရေးဌာနသို့ ဒီဇိုင်းတင်ပြခဲ့သည့်
စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ရိုးကြီးကျေးရွာရှိ အခြေခံလိုအပ်ချက်အများဆုံး
အိမ်ထောင်စု ၃၀ ရွေးချယ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများတွင် ထောက်ပံ့ရန်
အသေးစိတ်ဒီဇိုင်းဖြင့် ပြန်လည်တင်ပြခဲ့ရာ အတည်ပြု၍ အမေရိကန်ဒေါ်လာ ၉၂၀၄ ဒသမ ၇၆ ကို
၂၀၂၄ ခုနှစ် မတ်လတွင် လွှဲပြောင်းပေးခဲ့သဖြင့်
စီမံကိန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ခရီးစဉ်လေ့လာတွေ့ရှိချက်များ
ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍
အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့ပါသည်-
(က) ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကျေးလက်ဒေသများတွင် ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာ၌ ကျေးလက်နေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့်
လူမှုပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍအသီးသီးတွင် ယဉ်ကျေးမှု/ ဘာသာ တရား အလေ့အကျင့်ကောင်းများကို
ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများအား ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေးကို
ပြည့်စုံလုံလောက်မှုရှိသော စီးပွားရေးအသိပညာ (Sufficiency Economy Philosophy-SEP
model)ကို လက်တွေ့ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး အမှန် တကယ်အောင်မြင်မှုများ ရရှိနေပါသည်။
(ခ) ထိုင်းနိုင်ငံသည် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးရွာတစ်ရွာ
ထုတ်ကုန်တစ်မျိုးအား အခြေခံမူ (၃) ရပ်ဖြစ်သော နိုင်ငံတကာဈေးကွက်ရရှိရေး၊ ထုတ်လုပ်ဖန်တီးနိုင်ရေး၊
ပြည်သူများ၏ စွမ်းဆောင်ရည်မြင့်မားရေးဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျေးရွာများအား
ကမ္ဘာလှည့်ခရီးသွားဒေသအဖြစ် ဖော်ဆောင်ကာ ကျေးလက်ဒေသများ၏ စီးပွားရေးကို မြှင့်တင်ပေးလျက်ရှိပါသည်။
(ဂ) ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသများတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အား
ထိရောက်စွာ ဆောင်ရွက်လျက်ရှိပြီး မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များ၊ သစ်ရွက်ခြောက်အမှိုက်များအား
မြေဩဇာအဖြစ် အသုံးပြုနိုင်အောင် ဆောင်ရွက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချခြင်းဖြင့်
ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
(ဃ) တရုတ်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ဒေသထွက် သဘာဝအရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်း၊ အစိုးရ၊ ပြည်သူ၊
ပုဂ္ဂလိကအခန်းကဏ္ဍမြှင့်တင်ခြင်း၊ ကျေးလက်ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်၍
အရောင်းခန်းမများ၊ E-commerce စနစ်များဖြင့် ရောင်းချခြင်း၊ ကျေးလက်ဒေသများအတွက် စိုက်ပျိုးရေးနှင့်
ခရီးသွားဒေသအဖြစ် ပေါင်းစပ်ဖော်ဆောင်ခြင်း၊ လက်မှုလုပ်ငန်းနှင့် ခရီးသွားဒေသအဖြစ် ပေါင်းစပ်ဖော်ဆောင်ခြင်း၊
ယဉ်ကျေးမှုနှင့် ခရီးသွားဒေသအဖြစ် ပေါင်းစပ်ဖော်ဆောင်ခြင်းစသည့် နည်းလမ်းများဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
ခရီးစဉ်သုံးသပ်ချက်
ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့သည့်ခရီးစဉ်အတွင်း ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
(က) ထိုင်းနိုင်ငံတွင် လက်တွေ့ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ပြည့်စုံလုံလောက်မှုရှိသော
စီးပွားရေးအသိပညာ (Sufficiency Economy Philo-sophy-SEP model)ဖြင့် ကျေးလက်နေ ပြည်သူများ၏
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍအသီးသီးတွင်
ယဉ်ကျေးမှုဘာသာတရား အလေ့အကျင့်ကောင်းများကို ဖော်ဆောင်သော ဖွံ့ဖြိုးတိုးတက်စေသည့်
model ဒီဇိုင်းအား မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင်လည်း ဆင်းရဲသော အိမ်ထောင်စုရွေးချယ်၍
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သင့်ကြောင်း တွေ့ရှိရပါသည်၊
(ခ) ကျေးလက်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြေဩဇာအသုံးစရိတ်
လျှော့ချရေးအတွက် စွန့်ပစ်အမှိုက်စနစ် စီမံခန့်ခွဲခြင်းနှင့် မီးဖိုချောင်သုံး စွန့်ပစ်အမှိုက်များ
မြေဩဇာပြုလုပ် သုံးစွဲခြင်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်သင့်ပါသည်၊
(ဂ) မြန်မာနိုင်ငံ၏ ကျေးလက်ဒေသထွက်ထုတ်ကုန်များကို အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက
ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် တန်ဖိုးမြှင့်တင်ခြင်း၊ ဈေးကွက်ချိတ်ဆက် ရောင်းချပေးခြင်း
နှင့် ကျေးလက်ဒေသခရီးသွားလုပ်ငန်းများကို ပိုမိုတိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးသင့်ပါသည်၊
(ဃ) Targeted ကျေးရွာများ ရွေးချယ်၍ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊
အလှူရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ စံပြကျေးရွာ ဖော်ဆောင်ကာ
Tourism Village အထိ အဆင့်မြှင့်တင်ဆောင်ရွက်သင့်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။
ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်
ထိုင်းနိုင်ငံ မဲခေါင်-လန်ချန်းထောက်ပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ USD ၉၂၀၄ ဒသမ
၇၆ ဖြင့် ဧရာဝတီတိုင်းဒေသကြီး ရိုးကြီးကျေးရွာတွင် လိုအပ်ချက်အများဆုံးရှိသည့် အခြေခံအိမ်ထောင်စုများ၏
အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး
အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအပေါ် အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍
စီမံကိန်းဒီဇိုင်း ပြန်လည်ပြင်ဆင်ရေးဆွဲကာ ၂၀၂၄ ခုနှစ် မေလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌
ကျင်းပ ပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးရမည်ဖြစ်ပါသည်။
အဆိုပါ ပြန်လည်ပြင်ဆင်ရေးဆွဲထားသည့် စီမံကိန်းဒီဇိုင်းဖြင့် ကျေးရွာတစ်ရွာ ထပ်မံရွေးချယ်၍
ထိုင်းနိုင်ငံ လူထုဖွံ့ဖြိုးရေးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေမှ
ထပ်မံထောက်ပံ့ ပေးသွားမည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်
ဖြစ်ပါသည်။
အတွေးအမြင်ဗဟုသုတများစွာ ရရှိခဲ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ချန်းမြို့တို့တွင်
၂၆-၁၁-၂၀၂၃ ရက်နေ့မှ ၁၀-၁၂-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည့်စုံဖူလုံသော စီးပွားရေးဖြစ်ထွန်း
လာစေရေးဒဿနအခြေခံသည့် လူမှုဘဝအရည်အသွေးဘက်စုံကဏ္ဍစုံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်အတွင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများနှင့်
အလေ့အကျင့်ကောင်းများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာများအား လေ့လာခွင့်ရရှိခဲ့သည့်အပြင်
မိမိတို့နိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချနိုင်သည့်အတွေးအမြင်၊
ဗဟုသုတများစွာ ရရှိခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment