နေပြည်တော် ဒီဇင်ဘာ ၁၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုဇုန်အတွင်းရှိ ထီးလှိုင်ရှင်ဘုရား၊ ရတနာ ထီးအုပ်ဘုရား၊ စွယ်တော်စင်၊ ရွှေမုဋ္ဌောဘုရား၊ ဂူတော်သစ်ဘုရား၊ မြို့တွင်းဂူဖြူဘုရား၊ ရွှေရင်းရဲ ဘုရား၊ ရွှေအုန်းပေါက်ဘုရား၊ ရွှေစည်းခုံဘုရား၊ မြသိန်းတန်ဘုရားနှင့် ရွှေတန်ဆာဘုရားတို့၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မြင့်မား၍ အန္တရာယ်ရှိသော ရှေးဟောင်းဘုရားများအား ချုံနွယ်များ ရှင်းလင်းရာတွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည်
အင်းဝရှေးဟောင်းသုတေသနပြတိုက်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြတိုက်မှူးများအနေဖြင့်
အများပြည်သူနှင့် ကျောင်းသူ ကျောင်းသားများအား ယဉ်ကျေးမှုအမွေအနှစ်များ ချစ်မြတ်နိုးစေရေး၊
ထိန်းသိမ်းစောင့်ရှောက်လိုစိတ်ဖြစ်ပေါ်ရေး ဆောင်ရွက်ရန် မှာကြားသည်။
အလားတူ ဒီဇင်ဘာ ၈ ရက်တွင် ဒုတိယဝန်ကြီးသည်
တာဝန်ရှိသူများနှင့်အတူ ဗန်းမော်ကျောင်း တိုက်သို့ရောက်ရှိပြီး ဗန်းမော်ဆရာတော်ကြီး
မူလသီတင်းသုံးခဲ့ရာ ရတနာဃရကျောင်းဆောင် တော်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား
လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ ဗန်းမော်ဆရာတော်ဘုရားကြီး အထိမ်းအမှတ်
ပြတိုက်ခင်းကျင်းမှုဆိုင်ရာကိစ္စရပ်များကို လျှောက် ထားသည်။
ထို့နောက် ဗန်းမော်ဆရာတော်ဘုရားကြီး၏
အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည့် ဝိဇ္ဇာစရဏ ကျောင်းဆောင်တော်သို့ သွားရောက်ပြီး
အဆောက်အဦပြင်ဆင်ဆောင်ရွက်နေမှုနှင့် ခင်းကျင်းပြသမည့် ဆင်းတုတော်များပြကွက်၊
ဆရာတော်ဘုရားကြီး၏ ရုပ်တုပြကွက်၊ ဓာတ်တော် မွေတော်များပြကွက်၊ ဘွဲ့ထူးဂုဏ်ထူးဆုတံဆိပ်တော်များပြကွက်၊
ဆရာတော် ဘုရားကြီးရေးသားပြုစုခဲ့သော စာအုပ်နှင့် အဆိုအမိန့်များပြကွက်၊
ပြည်ပမှလှူဒါန်းထားသော အသုံးအဆောင်ပစ္စည်းများပြကွက်စသည်ဖြင့် ပြကွက်များအလိုက်
ခင်းကျင်းပြသရန် စီစဉ်ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ
မှာကြားသည်။
သတင်းစဉ်
No comments:
Post a Comment