နေပြည်တော် ဒီဇင်ဘာ ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံသည့် တိုးလ်ဂိတ်များဖြစ်သော ပန်းတင်မီနီတိုးလ်ဂိတ်၊ သီးကုန်းတိုးလ်ဂိတ်၊ သီးကုန်းမီနီတိုးလ်ဂိတ်နှင့် မိတ္ထီလာ - ကျောက်ပန်းတောင်း -ညောင်ဦးလမ်းပိုင်းပေါ်ရှိ မြတ်နိုးသူ ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ဂိတ်များကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုးလ်ဂိတ်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာခရိုင်
လမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့ (၉) ရုံးအဆောက်အဦများကို
ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာ - မလှိုင်လမ်းပေါ်ရှိ ထွန်းညိုလူကုမ္ပဏီမှ BOT စနစ်ဖြင့်
ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာတိုးလ်ဂိတ်အသစ် တည်ဆောက်ပြီးစီးသည့် တံတား အမှတ်-၃/၈
ကံကောင်း ချောင်းတံတားနှင့် ကံကောင်းမီနီတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် BOT စနစ်ဖြင့်
ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းတစ်လျှောက်နှင့်
မိုင်တိုင်အမှတ် - ၂၆/၆ နှင့် ၂၆/၇ အကြား ကတ္တရာ ရေပိတ်လွှာလောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်
မြတ်နိုးသူကုမ္ပဏီမှ BOT စနစ်ဖြင့်ဆောင်
ရွက်လျက်ရှိသည့် ကျောက်ပန်းတောင်းတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာ-ကျောက်
ပန်းတောင်း-ညောင်ဦးလမ်းပိုင်းပေါ်ရှိ မိုင်တိုင်အမှတ်-၁၈/၀နှင့် ၂၅/၀ အကြား လမ်းမျက်နှာပြင်
ပေါက်နေမှုပြင်ဆင်ရန်၊ ယာဉ်များ ချောမွေ့စွာသွားလာနိုင်ရေး
ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာနှင့် မိုင်တိုင်အမှတ်များပတ်လည်
ချုံနွယ်များ ရှင်းလင်းရန်၊ BOT စာချုပ်ပါအတိုင်း လမ်းများအဆင့်မြှင့်တင်ရေးနှင့် တိုးလ်ဂိတ်များ
ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်
ကျောက်ပန်းတောင်းမြို့နယ် လမ်းဦးစီးဌာန အဆောက်အဦများနှင့် မြတ်နိုးသူကုမ္ပဏီမှ BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့်
ညောင်ဦးတိုးလ်ဂိတ်တို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်
No comments:
Post a Comment