နေပြည်တော် ဒီဇင်ဘာ ၁၀
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်း လျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင် စေတနာရှင်အလှူရှင် ပြည်သူများက
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ
ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဒံပေါက်ထမင်းဘူးများကို ပေးအပ်လှူဒါန်းကြရာ
တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊
ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက်
လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ လှူဒါန်းသည့်
ဒံပေါက်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့် “ ရှေ့တန်းရောက်
တပ်မတော်သားအားလုံး တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ ရေလိုအေးပြီး ပန်းလိုမွှေးပါစေ၊
တရားသောစစ် အောင်မြင်ပါစေ”စသည့် ဆုတောင်းမေတ္တာစာလွှာများပါရှိကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment