မကွေး ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် မကွေးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ ဌာနချုပ်မှူး၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ စတင်ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်
အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က
ဖတ်ကြားသည်။
ယင်းနောက်
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်
စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်သည်။
ထို့နောက်
ကျောင်းသားမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကြွေးကြော်သံ၊ မြန်မာ့ရှုခင်း
မြန်မာ့စိတ်ရင်း၊ မြန်မာ့ကျောင်း စသည့်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုရရှိသူများနှင့် ဖျော်ဖြေတင်ဆက်ခဲ့သည့်
ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင်
နံရံကပ်ဘုတ်၌ ပြသထားသည့် ဆုရရှိခဲ့သည့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီလက်ရာများအား
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း
သိရသည်။
အောင်ကို
(ပြန်/ဆက်)


No comments:
Post a Comment