မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့
ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များ၊ ညီနောင်အသင်းများမှ
တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ တက်ရောက်
ကြသည်။
အစည်းအဝေးတွင်
မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စက်မှု ဝန်ကြီးဌာနအနေဖြင့် အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ပြည်တွင်း ထုတ်ကုန်အားပေးရန်၊
သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိရန်”စသည့် အချက်(၃) ချက်ကို လမ်းညွှန်ထားသဖြင့်
အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင်ရေး အစီအစဉ်များကို
ဒေသအလိုက် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည်
ပြည်တွင်းစီးပွားရေးကဏ္ဍတွင် အရေးပါသောကဏ္ဍမှပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်း
စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ပါဝင်နေသည့်အပြင် နိုင်ငံ၏ GDP တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်လည်း အဓိကပံ့ပိုးပေးနေသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း။
စားသောက်ကုန်
ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများအပေါ် ဆိုးကျိုးများသက်ရောက်မှု
မရှိ စေရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများ ထုတ်လုပ်ရေး၊ သက်တမ်းကုန် သိုလှောင်မှုများ
မဖြစ်ပေါ်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရေရှည်မျှော်မှန်းချက်
အနေဖြင့် ပြည်တွင်းစိုက်ပျိုးရေး အခြေခံထုတ်ကုန်များကို တန်ဖိုးမြှင့်စားသောက်ကုန်
ကုန်ချောများအဖြစ် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချပြီး ကမ္ဘာ့ဈေးကွက်သို့တင်ပို့နိုင်သည့်
အရည်အသွေးမြင့် စားသောက်ကုန်လုပ်ငန်းများအဖြစ်သို့ နိုင်ငံတကာနှင့်ယှဉ်၍ ဖွံ့ဖြိုးတိုးတက်လာ
စေရန်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ် စားသောက်ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်တွင် မျက်နှာပန်းလှစေရန်အတွက်
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပြီး အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ နည်းပညာ၊
ငွေကြေးပံ့ပိုးမှုနှင့် ဈေးကွက်ရရှိရေး၊ ဈေးကွက်ချိတ်ဆက် နိုင်ရေး၊ စံချိန်စံညွှန်းဆိုင်ရာနှင့်
အရည် အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ တင်ပို့နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း
ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက်
မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ
စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအား ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့်
အခြေအနေနှင့် ဆက်လက်ဆောင်ရွက် ပေးမည့်အစီအမံများကို လည်းကောင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်
တင်ပို့ရောင်းချသူများအသင်း အထွေထွေ အတွင်းရေးမှူးက နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနှင့်
စာရင်းစစ်အစီရင်ခံစာကို လည်းကောင်း၊ မြန်မာနိုင်ငံစားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏
နှစ်ပတ်လည်အစည်းအဝေးသို့ ပေးပို့ထားသော မေးခွန်းနှင့် အကြံပြု လွှာများကိုလည်းကောင်း
ဖတ်ကြား ရှင်းလင်းတင်ပြကြပြီး နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်း ရှင်းတမ်းများကို
အတည်ပြုကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းများကို ဆောင်ရွက်ကြ
သည်။
အစည်းအဝေး
အပြီးတွင်
ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်များကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကသို့ ငှားရမ်းထားသည့် လမ်းမတော်မြို့နယ် ဝါးတန်းလမ်းရှိ
ဒိုင်းမွန်းအချိုရည်စက်ရုံနှင့် စမ်းချောင်းမြို့နယ်ရှိ ဒဂုံအချိုရည်နှင့် ရေခဲစက်ရုံ
တို့သို့သွားရောက်ပြီး လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေး
ပြင်ဆင်ဆောင်ရွက်နေမှုနှင့် လျှပ်စစ် ဓာတ်ခွဲခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment