နေပြည်တော် ဒီဇင်ဘာ ၇
မိုးညှင်း၊ ပုသိမ်ကြီးနှင့် ရပ်စောက်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သိမ်းဆည်းရမိ
မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ
၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်
ကျေးရွာအနီးတွင် Express ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ မယွန်းဝါ(ခ) မဝါထံမှ
ဘိန်းဖြူ ၃ ဒသမ ၃ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီး
နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်
ကြာနီကန်ကျေးရွာအနီးတွင် Nissan AD VAN ခရီးသည်တင်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည်
မစက်ညွန့်(ခ)မိချောနှင့် မစုစုမာတို့ထံမှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို ကိုလည်းကောင်း၊ ထို့အတူ
ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ် မန်ကျည်းကုန်းကျေးရွာအုပ်စု ကြာအင်းကျေးရွာအနီးတွင်
မောင်မောင်တင် မောင်းနှင်လာသည့်ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာစိတ်ကြွရူးသွပ်ဆေးပြား
၆၂၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၆ ရက် နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့
မြို့ဦးရပ်ကွက် ရွှေညောင်-ရပ်စောက်သွားကားလမ်းတွင် သော်တာ မောင်းနှင်ပြီး မနွဲ့ကြည်လိုက်ပါလာသည့်
ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်
၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။
သတင်းစဉ်

No comments:
Post a Comment