နေပြည်တော်
နိုဝင်ဘာ ၁၂
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်အနက် အချို့ဆိုင်များ၌ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဓာတ်ဆီ 92 RON သည် နေ့စဉ်ပုံမှန်ရောင်းအားထက် ပိုမိုရောင်းအားမြင့်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ သိုလှောင်ထားသည့် Terminal သုံးခုမှ အရောင်းဆိုင်များအားလုံးသို့ ဖြန့်ဖြူးပေးရာတွင် ဖြန့်ဖြူးနိုင်မှုစွမ်းအားအရ အလျဉ်မမီခဲ့ခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရာ ယင်းနေ့ညတွင်းချင်းပင် Urgend စနစ်ဖြင့် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌
စက်သုံးဆီလုံလောက်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင်အများ
သုံးဓာတ်ဆီဖြစ်သော 92 RON ဂါလန် ၁၃ သန်းကျော်၊ 95 RON ဂါလန် ၃ သန်းကျော်၊ 97 RON ၁ ဒသမ ၄ သန်းကျော်၊ ရိုးရိုးဒီဇယ် ၂၉ သန်းကျော်နှင့်
ပရီမီယမ်ဒီဇယ် သန်း ၂၀ ကျော် ကျန်ရှိကြောင်း သိရှိရကာ ပြတ်လပ်မှုမရှိစေရေး အချိန်မီ
ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ထို့ပြင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း
ဆီတင်သင်္ဘောလေးစင်း ဆိုက်ကပ်ခဲ့ပြီး ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘော ၁၅ စင်းရှိကြောင်းနှင့်
ထပ်မံရောက်ရှိလာမည့် ဆီတင်သင်္ဘောများမှ စက်သုံးဆီများကိုလည်း အချိန်နှင့်တစ်ပြေးညီ
ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်
စက်သုံးဆီများ ဖူလုံစွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး
ပြည်တွင်းတွင် မည်သည့်စက်သုံးဆီအမျိုးအစားမဆို အရန်တစ်လစာ ကျန်ရှိအောင်
အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလသည် ခရီးသွားရာသီဖြစ်၍ ခရီးသွားများနှင့် အများ
ပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
ကြီးကြပ်ရေးကော်မတီက အနီးကပ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment