ရန်ကုန်
နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံ
စာရေးဆရာအသင်းက ၁၃၈၅ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက်
သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ
(ဗိုလ်ချုပ်ကြီးစိုးဝင်း - ဒေါ်သန်းသန်းနွဲ့ (မလေး-မုံရွာ) မိသားစုနှင့် အန်ကောခေတ်ယဉ်ကျေးမှု
စာအုပ်ရေးသားသူ ဦးကျော်ညွန့ရည်-ဒေါ်ဝါဝါကျော် (ကျော်ညွန့်ရည်စာပေ) တို့က အလှူငွေကျပ်
၁၀ သိန်းစီ၊ ဗိုလ်တထောင်မြို့နယ် စာရေးဆရာအသင်းက
ငွေကျပ်သုံးသိန်း၊ ဦးဇော်မင်း (မင်္ဂလာကုမ္ပဏီ) မိသားစုနှင့် ဒဂုံ(မြောက်ပိုင်း) မြို့နယ်စာရေးဆရာအသင်းတို့က
ငွေကျပ် နှစ်သိန်းစီ၊ ဆရာတော် ဘဒ္ဒန္တပဏ္ဍာနန္ဒ (မြတ်ဘုန်း - တပ်ကုန်း)၊ ဆရာကြီး သူရဇော်-ခင်(တိုင်းရင်းမေ)
စာပေမောင်နှံမိသားစု၊ ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals) မိသားစု၊ စာရေးဆရာတင့်တယ်မိသားစု (တင့်တယ်ရိပ်မွန်)၊
ဒေါ်ခင်မာမြင့် (မာမာညိုလင်း - မြန်အောင်)၊ ကျောက်တန်းမြို့နယ် စာရေးဆရာအသင်း၊
ကြည့်မြင်တိုင်မြို့နယ် စာရေးဆရာအသင်းနှင့် မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းတို့က
ငွေကျပ်တစ်သိန်းစီ၊ လှိုင်မြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဆရာကြယ်နီလေး(ဥပဒေ)၊ ဦးမိတ်(ပါမောက္ခ ဒေါက်တာမိတ်) မဟာအောင်မြေမြို့နယ်နှင့်
စာရေးဆရာမ ပေါက်ပေါက်၊ နတ်တလင်းမြို့နယ် စာရေးဆရာအသင်းနှင့် ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းတို့က
ငွေကျပ်ငါးသောင်းစီ၊ ကွယ်လွန်သူ သက်ကြီးကန်တော့ခံစာပေပညာရှင် ဦးလှမြင့်(မောင်မဟာ) မိသားစု၊
ဦးခင်ဇော်ဝင်း (ခက်ဇော်-ကဗျာ-ဒေါ်မြင့်မြင့်အေး (ပန်းမြမွှေး) မအူပင်မြို့နယ်၊
မိုးယံ (တပ်ကုန်း) နှင့် တပ်ကုန်းမြို့နယ်၊ စာရေးဆရာအသင်းတို့က ငွေကျပ်သုံးသောင်းစီ၊ အမရပူရမြို့နယ်၊ စာရေးဆရာအသင်းက ငွေကျပ်
၂၈ဝဝဝ၊ ဦးအောင်မျိုးဇော် (ဇဂျမ်းရွာ ကျောင်းအိုသား) နှင့် သင်းသင်းလှိုင် (တပ်ကုန်း)
တို့က အလှူငွေကျပ်နှစ်သောင်းစီ၊ နွေကံ့ကော် မြို့လှ)- ပင်မြင့်စံ (ရွှေဘို) မိသားစုက
ငွေကျပ် ၁၅၀၀၀၊ ဉာဏ်လင်း (တပ်ကုန်း) နှင့် သိန်းဝင်းမြင့် (တပ်ကုန်း)တို့က ငွေကျပ် တစ်သောင်းစီ ပေးအပ်လှူဒါန်းကြရာ
အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အတွင်း ရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ
- ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသည့် ဦးအောင်သန်းဦး (ပုသိမ် အောင်သန်းဦး)နှင့်
ဦးအောင်ကြည် (အောင်ကြည်ညွန့်- တက္ကသိုလ်)တို့က လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အလှူငွေဖြစ်စေ၊
အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅)
ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၂၅၂၄၁၇၊
၀၉-၄၅၀၀၉၀၄၈၆သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment