နေပြည်တော် စက်တင်ဘာ ၇
တရုတ်နိုင်ငံ ကွမ်းရှီးရုပ်သံ (GXRTV)မှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် နေပြည်တော်ရှိ မာရဝိဇယမြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးသို့ သွားရောက်ဖူးမြော်၍ ရိုက်ကူးရေးဆောင်ရွက်မှုနှင့်အတူ နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ သွားရောက်၍ ရိုက်ကူးရေး ဆောင်ရွက်သည်။
နံနက်ပိုင်းတွင် ကွမ်းရှီးရုပ်သံ(GXRTV)မှ တွေ့ဆုံမေးမြန်းသူ Ms.LUO XIANZI (ချမ်းချမ်း)က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်နှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်၍ MRTV နှင့် GXRTV တို့အကြား တရုတ်ရုပ်သံဇာတ်လမ်းတွဲနှင့် ကာတွန်းဇာတ်လမ်းတွဲများ ပြသမှုနှင့် မြန်မာပရိသတ်များ ကြည့်ရှုအားပေးမှုအခြေအနေ၊ ဇာတ်လမ်းတွဲများပြသခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအပေါ် အကျိုးသက်ရောက်မှု၊ နှစ်နိုင်ငံရုပ်သံမီဒီယာတို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများကို ရိုက်ကူးရေးဆောင်ရွက်သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက် အထိ တရုတ်နိုင်ငံနန်နင်းမြို့တွင် လေးရက်ကြာကျင်းပမည့်အကြိမ်(၂၀)မြောက် အာဆီယံ - တရုတ် ကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးသဘောထားအမြင်အား ရိုက်ကူးရေးပြုလုပ်သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ချိန်တွင် ကွမ်းရှီးရုပ်သံ (GXRTV) မှ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား (MRTV)အတွက် လိုအပ်သောဆေးဝါးများနှင့် နှာခေါင်းစည်းများ ပေးပို့လှူဒါန်းခဲ့မှုအတွက် မှတ်တမ်းတင်ဂုဏ်ပြုလွှာ နှင့် အမှတ်တရပစ္စည်းကို ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ပေးအပ်သည်။
ယင်းနောက် ကွမ်းရှီးရုပ်သံအဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏သတင်းထုတ်လွှင့် တင်ဆက်မှုများနှင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားမှုများ ကို ကြည့်ရှုလေ့လာပြီး ရိုက်ကူး ရေးဆောင်ရွက်သည်။
ထို့နောက် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များတွင် စကျင်ကျောက်ဖြင့် ထုဆစ်ပူဇော်ထားသော ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသို့ သွားရောက်ဖူးမြော်၍ ဘုရား၊ ကျောင်း၊ ကန်၊ ဗိမာန်၊ ဇရပ်ဆောင်များနှင့်ကျောက်စာများ၊ ပန်းမန်ဥယျာဉ်၊ ရေပန်းနှင့် လမ်း၊ တံတားများ တည်ထားမှုကို ရိုက်ကူးရေးဆောင်ရွက်ပြီး လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကာ ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံနန်နင်းမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment