Friday, September 8, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 


နေပြည်တော် စက်တင်ဘာ ၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့ မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့်ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင် တည်ဆောက်ပြီးစီးမှု၊ လူကူးလျှောက်လမ်း တံတားအသစ် တည်ဆောက်ရန်အတွက် ကွန်ကရစ်ပိုင်ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ကန်ပတ်ဝန်းကျင်သာယာလှပစေရန်အတွက် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

အမြဲမပြတ် သန့်ရှင်းစေရေး

ယင်းနောက် လူကူးလျှောက် လမ်းတံတားအသစ်တည်ဆောက်ရန် ကွန်ကရစ်ပိုင် ရိုက်ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် စနစ်တကျ ဆောင်ရွက်ကြရန်၊ ကန်ပတ်လည်တွင် ရာသီမရွေးပွင့်လန်းစေမည့် အရိပ်ရပင်နှင့်ပန်းအလှပင်များ ထပ်မံစိုက်ပျိုးရန်နှင့် အရိပ်ရပင်များ၏ အမည်နာမများ တပ်ဆင်ထားရှိရန်၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်တွင် အမြဲမပြတ် သန့်ရှင်းစေရေးဂရုပြုဆောင်ရွက်ရန်တို့ကို မှာကြားသည်။

အပန်းဖြေအနားယူနိုင်

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးအ..က()ကျောင်းရှေ့ရှိ မေတ္တာကန်သို့ သွားရောက်ကြည့်ရှုပြီး မြို့တော်ဝန်က မေတ္တာကန်အတွင်းကြာပန်းများ ထည့်သွင်းစိုက်ပျိုးရန်နှင့် ကန်ပေါင်ပတ်လည်တွင် ပန်းအလှပင်များ စိုက်ပျိုးထားရှိရန်၊ ကန်ပေါင်အက်ကွဲခြင်းများကို ပြန်လည်ပြုပြင်ရန်နှင့် အများပြည်သူများ အပန်းဖြေအနားယူနိုင်မည့်နေရာအဖြစ် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment