ရန်ကုန် စက်တင်ဘာ
၁၀
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)ယာယီအမှုဆောင် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍
ဂီတလောက ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံတော်သံစုံတီးဝိုင်းမှ
တာဝန်ရှိသူများအား တွေ့ဆုံမှာကြားကာ ရိုက်ကူး ရေးလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
အဆင့်မီစွာ ဖျော်ဖြေတင်ဆက်နိုင်ရေး
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး
ပြင်ပအနုပညာရှင်များနှင့် ပေါင်းစပ်၍ အဆင့်မီစွာ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ကြိုတင်
ဇာတ်တိုက်လေ့ကျင့်ရေး၊ ဝတ်စုံသစ်များ စနစ်တကျ ချုပ်လုပ်ဝတ်ဆင်ရေး၊ အသံနှင့် မီးပိုင်းဆိုင်ရာအပြင်
သီချင်းနှင့်လိုက်ဖက်သည့် Video Clip ပြသရိုက်ကူးရေး၊ သတင်းထုတ်ပြန်နိုင်ရန်အပြင် မှတ်တမ်းရိုက်ကူးရေးတို့ကို
အသေးစိတ်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင် အဖွဲ့ဝင်များနှင့်
တွေ့ဆုံပြီး ယာယီအမှုဆောင်အဖွဲ့အနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဖွဲ့စည်းဆောင်ရွက်ခဲ့မှုနှင့်
အနာဂတ်ကာလတွင် ဆောင်ရွက်မည့် အစီအမံများ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင်
နိုင်ငံနှင့်ပြည်သူ့အတွက် အနုပညာစွမ်းအားဖြင့် တတ်စွမ်းသမျှပါဝင်ဆောင်ရွက်ရေး၊ အနုပညာရှင်များအနေဖြင့်
အနုပညာအလုပ်များကို လွတ်လပ်ပျော်ရွှင်စွာဖြင့် ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေး၊ လာမည့်ကာလတွင် ဂီတအစည်းအရုံး(ဗဟို)၏ ဦးဆောင်မှုဖြင့်
ဂီတဖျော်ဖြေပွဲများကို ပိုမိုကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ယာယီအမှုဆောင်အဖွဲ့
သစ်တွင် လူငယ်အနုပညာရှင်များလည်း ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
လူငယ်အနုပညာရှင်များပါဝင်ဆောင်ရွက်
ဆက်လက်၍
မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တက်ရောက်လာသူများက
ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဂီတလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊
လူငယ်အနုပညာရှင်များ အစည်းအရုံးသို့ ပါဝင်ဆောင်ရွက်လာမှုနှင့် အနာဂတ်ကာလတွင် လူငယ်အနုပညာရှင်များထဲမှ
အချိန်ပေးဆောင်ရွက်နိုင်သူများကို အမှုဆောင်အဖွဲ့တွင် ပါဝင်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဖွဲ့စည်း
ဆောင်ရွက်မှု၊ ဂီတအစည်းအရုံးအတွက် ရန်ပုံငွေရရှိနိုင်မှုနှင့် ဂီတအနုပညာရှင်များ မူပိုင်ခွင့်အရ
ခံစားခွင့်ရရှိရေး ဆောင်ရွက်လိုမှုတို့ကို ဆွေးနွေးပြောကြားကြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စား
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက တာဝန်ခံကာ ဂီတအစည်းအရုံးနှင့်ဆက်သွယ်၍ ဂီတလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပေါင်းစပ်ညှိနှိုင်းပြီး ကူညီဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က တည်ဆဲဥပဒေနှင့်အညီ မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းတွင်
ထိရောက်စွာ ပါဝင်ဆောင်ရွက်ရေးကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio (A) တွင် “ဘယ်သူမှန်လဲ
အပြိုင်ကြဲ” အစီအစဉ်ဖြင့် သင့်လျော်သည့်
ခေါင်းစဉ်များ ရွေးချယ်ကာ လူငယ်အနုပညာရှင်များဖြင့် ဆွေးနွေးပွဲရိုက်ကူးမှုကို ကြည့်ရှုအားပေးပြီး
အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment