နေပြည်တော်
စက်တင်ဘာ ၁၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးတို့နှင့်အတူ ချမ်းမြသာစည်မြို့နယ် မန္တလေးဇီဝိတဒါန သံဃာ့ဆေးရုံကြီး အဆောင်(၈)၌ ကျင်းပသည့် ငွေပဒေသာပင်စိုက်ထူခြင်း အလှူတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်သည်။
ဆက်ကပ်လှူဒါန်း
အခမ်းအနား၌
ဓမ္မဓရဝါဆိုသာမဏေကျော် ပရိယတ္တိစာသင်တိုက် စာချနာယကတိုက်အုပ် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ
ဘဒ္ဒန္တဣန္ဒာသဖ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်တို့
ရွတ်ပွားအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညို၍ ဆရာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့်
တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌတို့က
လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးက ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအတွက် ဆေးပဒေသာပင် (ငွေကျပ်သိန်းနှစ်ဆယ်
ငါးသောင်း) နှင့် သီးခြားအလှူရှင်များဖြစ်သော မန္တလေးမြို့ ဦးမျိုးသိန်း+ ဒေါ်တင်တင်ဆွေ
မျိုးသိန်းအီလက်ထရောနစ်မိသားစုတို့က Oxygen Concentrator စက် လေလုံးတို့ကို ပေးအပ်လှူဒါန်းရာ
ဆေးရုံကြီးစီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးမြဝင်းက လက်ခံသည်။
ထို့နောက်
တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဣန္ဒာသဖထံမှ အနုမောဒနာနှင့် ရေစက်ချတရားများ နာယူကြည်ညိုကြပြီး
ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဇီဝိတဒါန သံဃာ့ ဆေးရုံကြီး စီမံခန့်ခွဲရေးဗဟိုကော်မတီများနှင့်
တွေ့ဆုံရာ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးမြဝင်းက ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို
ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(ငြိမ်း) ဦးမောင်ကို
က ထပ်ဆင့်ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားများ ပြောကြားကြပြီး
ပြည်ထောင်စုဝန်ကြီးက ဂိလာနသံဃာဆောင်သို့ သွားရောက်ကာ ဆေးရုံတက် ရောက်ကုသနေသော သံဃာတော်
၂၈ ပါး၊ သီလရှင်နှစ်ပါးတို့ကို ဆေးပစ္စည်း၊ နဝကမ္မအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)
၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၁၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊
သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင် တင်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ပန်းချီပညာဌာနတွင် ပညာဆည်းပူးခဲ့ကြသည့်
စတုတ္ထနှစ်ကျောင်းသား ကျောင်းသူများ၏ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်တို့ဖြင့် ရေးဆွဲထားသည့်
ပန်းချီကားများ၊ ဒီပလိုမာတန်း ကျောင်းသား ကျောင်းသူများ၊ မဟာဝိဇ္ဇာတန်း ကျောင်းသား
ကျောင်းသူများ ရေးဆွဲထားသည့် ပန်းချီလက်ရာများနှင့် ပန်းပုပညာဌာန စတုတ္ထနှစ် ကျောင်းသားများက
ပလာစတာ၊ အင်္ဂတေ၊ ဖိုက်ဘာတို့ဖြင့် ပုံဖော် ထုဆစ်ထားသည့် ပန်းပုလက်ရာ များကို ကြည့်ရှုအားပေးကြသည်။
အားပေးကြည့်ရှု
ထို့နောက်
အမျိုးသားဇာတ်ရုံ အတွင်း ဆက်လက်ကျင်းပသည့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ပညာဌာနများမှ
ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်ပြ တင်ဆက်မှု အစီအစဉ်များကို ဆက်လက်အားပေးကြည့်ရှုကြပြီး
ပြည်ထောင်စုဝန်ကြီး၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဂုဏ်ပြု ချီးမြှင့်ငွေများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment