နေပြည်တော်
စက်တင်ဘာ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ ကျောက်ဖြူကုန်းကျေးရွာအုပ်စု
မွေးမြူရေးတောင်သူ ဦးမျိုးသန့်နှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ဂျိတ်နီ၊ ထိန်စန်းဆိတ်မျိုးများနှင့်
သိုးမွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးပြီး ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များနှင့်
တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်နိုင်မှု
အခွင့်အလမ်းများနှင့် မွေးမြူရေးအခြေခံ တန်ဖိုးမြင့်ကုန်ချောများ တိုးတက်လုပ်ကိုင်နိုင်ရေး
ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက်
ကန်ဦးကျေးရွာအနီး မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်မည့် လျာထား မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံတွင်
မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်
အလားအလာကောင်းသည့် မန္တလေးတိုင်းဒေသကြီးအတွင်း သိုး၊ ဆိတ်၊ နို့စားနွား၊ ဝက်မွေးမြူရေး၊
ဥစားကြက်၊ အသားစားကြက်မွေးမြူ ရေးလုပ်ငန်းများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်
GAHP- ဂျီအေအိပ်ပီနှင့်အညီ မွေးမြူထုတ်လုပ်မှု အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ရာသင်္ချာကျေးရွာအုပ်စု ကျားသေကန် ကျေးရွာ
မွေးမြူရေးတောင်သူ ဦးမြင့်ခိုင်၏ အသားတိုးကြက် မွေးမြူရေးခြံနှင့် ခေတ်တောက်ထွန်း ကုမ္ပဏီလီမိတက်
မွေးမြူရေးအစာစပ်စက်ရုံတို့ကို ကြည့်ရှုအားပေး၍ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်
စိုက်ပျိုးရေးဦးစီးဌာန စွန်ရဲအင်းစိုက်ကွင်းသို့ရောက်ရှိပြီး စွန်ရဲအင်းဒေသ မွေးမြူရေးဇုန်
တည်ထောင်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင်
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စဉ့်ကိုင်မြို့နယ် အုန်းပင်ခြံကျေးရွာ Fun Hwa Group နို့စားနွားမွေးမြူရေးခြံ၏
နို့စားနွားများ မွေးမြူထားရှိမှုနှင့် ဒိန်ချဉ်၊ နို့အေး စက်ရုံကိုလည်းကောင်း၊ အမရပူရမြို့နယ်
မြစ်ငယ်(စက်ကွေ့)ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေနေရာကို ပုဂ္ဂလိကကုမ္ပဏီက ငှားရမ်းအသုံးပြုထားသော
ယာယီသိုလှောင်ရုံနှင့် မျိုးစပါးထုတ်လုပ်မှုလုပ်ငန်း ၊ ဂျစ်ပဆန် ကျောက်မှုန့် မြေသြဇာထုတ်လုပ်မှုလုပ်ငန်းများကိုလည်းကောင်း၊
အမရပူရမြို့နယ် နတ်ရေကန်ငါးလုပ်ငန်းစခန်း၏ ငါးမွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊
ငါးမျိုးသားဖောက်ခြင်း၊ ပြုစုခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး
လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment