နေပြည်တော် စက်တင်ဘာ ၁၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်သည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊
လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ
ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး မဲခေါင်-လန်ချန်း ရေအရင်းအမြစ်
ပူးပေါင်းဆောင်ရွက်မှုစင်တာနှင့် မဲခေါင်မြစ်ကော်မရှင်အပါအဝင်
အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။
တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏
ဖွင့်ပွဲ အခမ်းအနား၌ ဒုတိယဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည်လည်း
ဖိုရမ်၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုသို့ တက်ရောက်ဆွေးနွေးသည်။ ယခုကျင်းပသည့်
ဖိုရမ်၏ ရလဒ်အဖြစ် တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏
အကြံပြုချက်များကို အဖွဲ့ဝင်နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ကြသည်။
ထို့နောက်
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ရေအရင်းအမြစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာတန်ရူဗင်နှင့် သီးခြား တွေ့ဆုံသည်။
တွေ့ဆုံစဉ်
နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် စီစဉ်ရေး၊
မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက်
နည်းလမ်းများရှာဖွေသွားရေး၊ ရေနှင့်ဆက်စပ်သည့်စိန်ခေါ်မှုများ ဖြေရှင်းသွားရေးနှင့်
နှစ်နိုင်ငံအကြား ရေအရင်းအမြစ်ကဏ္ဍ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ကိစ္စရပ်များကို
ဆွေးနွေးကြသည်။
ညနေပိုင်းတွင်
ဒုတိယဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ရေအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး မစ္စတာလီဂူရင်က
မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ဂုဏ်ပြုဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့
တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment