Wednesday, April 5, 2023

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၂ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ခြင်း

 


နေပြည်တော် ဧပြီ ၅

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၂ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာ စာအုပ်ကို(အင်္ဂလိပ်/ မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်တွင်ထုတ်ပြန်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ website ဖြစ်သည့် http://www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိစေရန် တရားရုံး နှစ်စဉ်အစီရင်ခံစာများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်များမှာ တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေဖြင့်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိစေရန်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ တရားရုံးနှစ်စဉ် အစီရင်ခံစာကိုဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ တရားရုံး အသုံးပြုသူများသာမကအများပြည်သူအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် တရားရုံးစနစ်နှင့် စီမံခန့်ခွဲမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အလေးပေးဖော်ပြလိုသည့် ဆောင်ရွက်ချက်များနှင့်အတူ ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ပဉ္စမနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၂)အကောင်အထည်ဖော်ဆောင်ရွက်မှုများဟူ၍ အပိုင်း(၄)ပိုင်းခွဲခြား၍လည်းကောင်း၊ နောက် ဆက်တွဲများ၊ ပုံပြကားချပ်များဖြင့်လည်းကောင်း ပြုစုထားပါသည်။ တရားရုံးနှစ်စဉ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဝေဖန်အကြံပြုလိုပါက တရားရုံးနှစ်စဉ် အစီရင်ခံစာပြုစုရေးလုပ်ငန်းအဖွဲ့၏ အီးမေးလ် annualreport.ousc@usc.gov.mm သို့ ပေးပို့နိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment