နေပြည်တော် ဧပြီ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Vinay Kumar နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း Bengal Initiative for MultiSectoral Technical and Economic Coo-peration (BIMSTEC - ဘင်းစတက်)အပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ အခန်းကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြားလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ သုတေသနနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ တင်သွင်းတင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment