နေပြည်တော် ဧပြီ ၄
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Won Bae Dahn အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြား ခဲ့ပြီး မြန်မာ - ကိုရီးယား နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment