ဘားအံ ဇန်နဝါရီ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခဲ့သည့် ဆရာတော်ကြီးနှစ်ပါးနှင့် လူပုဂ္ဂိုလ် နှစ်ဦးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယမြိုင်ကြီးငူ နန်းဦးဘေးမဲ့ကျောင်းတိုက်ဦးစီးပဓာနနာယက
ဆရာတော် ဘဒ္ဒန္တ ဉာဏိက၊ တောင်ကလေးပရိယတ္တိ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်
ဗဟိုသံဃာ့ ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနစရိယ ဒေါက်တာဘဒ္ဒန္တပညာသာမိ၊
ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်
ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်
ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ငြိမ်းချမ်းသာယာဝပြောရေး စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ
ချီးမြှင့်သည့် သီရိပျံချီ ဂုဏ်ထူးဆောင် ဘွဲ့ရရှိသော တောင်ကလေးပရိယတ္တိ ပဋိပတ္တိသာသနာ့အေးရိပ်သာ
နာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနစရိယ
ဒေါက်တာဘဒ္ဒန္တ ပညာသာမိ(တောမှီရဟန်း) အရှင်သူမြတ်နှင့် လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော်နှင့်
နိုင်ငံသားများကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုများ
အတွက် ဝဏ္ဏကျော်ထင်ဂုဏ်ထူးဆောင်ဘွဲ့ရရှိသော ယခင်မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန (ကိုယ်စား)
ဒုတိယမြိုင်ကြီးငူ နန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဉာဏိကတို့အား
ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦး က ဂုဏ်ထူးဆောင်ဘွဲ့များ ဆက်ကပ်သည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်မြတ်သက်ဦးက သီရိပျံချီဘွဲ့ရရှိသော တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး
နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးစောထွန်းလှိုင်
နှင့် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဟောင်သရောအထူးဒေသမှ ဂုဏ်ထူးဆောင်
ဒုတိယဗိုလ်မှူးကြီး စောဒေါဒေါ(ကိုယ်စား) ဗိုလ်မှူးစောချစ်ဝင်းတို့အား ဂုဏ်ထူးဆောင်ဘွဲ့များ
ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊
အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီးတို့သည် ဆရာတော်ကြီးနှစ်ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်
နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:
Post a Comment