နေပြည်တော် ဇန်နဝါရီ ၁၁
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအားအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေးရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင် ဇော်ဟိန်းတို့က နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက် လက်ခံယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များရှိရာနေရာများသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ပြီး လက်ခံယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင် ဇော်ဟိန်းတို့က သီရိပျံချီဘွဲ့ရရှိသူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမောင် ထံသို့လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ အမှတ်(၂)စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) ဦးမျိုးအောင်ထံသို့လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးစောလှမင်းထံသို့လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာနသံအမတ်ကြီး ဒေါ်မော်မော် (ကိုယ်စား)မောင်ဖြစ်သူ ဦးမင်းထွဋ် ထံသို့လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးစိုးဝင်း (ကိုယ်စား)ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည် ထံသို့လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)



No comments:
Post a Comment