သတင်းထုတ်ပြန်ချက်
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စ
အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ၁၁-၁-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့်
အောက်ဖော်ပြပါရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးဖော်ပြအပ်
သည်-
(က) မြန်မာနိုင်ငံသည် အာဆီယံ၏တူညီဆန္ဒ(၅)ချက်
အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်
တစ်နိုင်ငံ၏ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှမစွက်ဖက်ရေး စသည့်အခြေခံမူများနှင့်အညီ
စွဲမြဲစွာ ဆောင်ရွက်လျက်ရှိသည်။
(ခ) မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
(ဂ) အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့်
အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ
တိတိကျကျ လေးစားလိုက်နာရန်လိုအပ်ပြီး မြန်မာအစိုးရမှကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊
မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုရန်လိုအပ်ကြောင်းကို ထပ်လောင်းသတိပေးတိုက်တွန်းသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
No comments:
Post a Comment