Thursday, January 12, 2023

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

လွိုင်ကော် ဇန်နဝါရီလ ၁၂

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက် မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့သည်  မြို့များအမြန် ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်ဟူသည့် ရည်မှန်းချက်နှင့်အညီ မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အများပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရေး၊ ရောင်းဝယ်ရေးများ အဆင်ပြေချောမွေ့စေရေး၊ အများပြည်သူများ စိတ်ချမ်းမြေ့စွာအပန်း ဖြေစေနိုင်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ မြို့ပြအင်္ဂါရပ် နှင့်အညီ ကျန်းမာသန့်ရှင်းသာယာလှပသော  မြို့ပြတစ်ရပ် ဖြစ်ထွန်းလာစေရေးတို့ကိုရရှိသည့် အခွန်၊ အခ၊ အကောက်၊ ဘဏ္ဍာငွေတို့ဖြင့် အကျိုးရှိစွာ အသုံးချ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ဖွင့်လှစ်သော လမ်းသစ်မှာလည်း ၎င်းလုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ကတ္တရာ ကွန်ကရစ်လမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အများပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေလိုကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် လွိုင်ကော်မြို့တွင်း မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့်ပတ်သက်၍ ဒေသခံပြည်သူများကိုယ်စား လမ်းနေထိုင်သူ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများက မင်းကျောင်းကတ္တရာ ကွန်ကရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မင်းကျောင်းကတ္တရာ ကွန်ကရစ်  လမ်းသစ်ဖွင့်ပွဲ မုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အကဖွဲ့ကျောင်းသူများနှင့် ဖဲကြိုးကိုင် ကျောင်းသူများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး မင်းကျောင်းကတ္တရာ ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေနှစ်တွင် ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကတ္တရာကွန်ကရစ်လမ်း(၃)လမ်း (၂)မိုင်၊ ကွန်ကရစ်လမ်း(၈)လမ်း (၃)ဖာလုံ၊ ကတ္တရာလမ်း(၈၉)လမ်း (၁၅)မိုင် (၂)ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း(၁၄)လမ်း (၂)မိုင် (၅)ဖာလုံနှင့် ကျောက်ချောလမ်း(၁)လမ်း (၂)ဖာလုံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ ဆက်)

No comments:

Post a Comment