Monday, January 9, 2023

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာ၊ အမှတ်(၁၂)မြောင်း၊ အမှတ်(၁၃)မြောင်း တူးဖော်ခြင်းလုပ်ငန်း အပိုင်း(၂) တူးဖော်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

 

သာပေါင်း ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာ၊ အမှတ်(၁၂)မြောင်း၊ အမှတ်(၁၃) မြောင်းတူးဖော်ခြင်းလုပ်ငန်း အပိုင်း(၂) တူးဖော်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာ၊ အမှတ်(၁၂)မြောင်း၊ အမှတ်(၁၃)မြောင်း တူးဖော်ခြင်းလုပ်ငန်း အပိုင်း(၂)ကို ရွေကဆုန်ကုမ္ပဏီမှ ထိပ်ဝအကျယ် (၄၀)ပေ၊ အောက်ခြေအကျယ် (၂၀)ပေ၊ ပျှမ်းမျှအနက် (၁၀)ပေ၊ မြောင်းအလျား (၁၀၀၀၀)ပေအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ (၁၄၃.၁၇၀)ကျပ်သန်းဖြင့် တူးဖော်ပြီးစီးမှု အခြေအနေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ Solar စနစ်ဖြင့် ရေတင်မှု၊ တောင်သူဦးဝင်းစိုးမှ စပါးခွံလောင်စာ Gas စနစ်ဖြင့် ရေတင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံမေးမြန်း၍ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းက လမ်းညွှန်မှာကြားခဲ့သည်။

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်

No comments:

Post a Comment