Tuesday, January 3, 2023

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပ

  


နေပြည်တော်   ဇန်နဝါရီ   

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနား များဖြစ်သည့် ကံစမ်းမဲဖောက်ခြင်း၊ နိဗ္ဗာန်ဈေး (စတုဒိသာ) ကျွေးမွေးဧည့်ခံခြင်းနှင့် တေးသီချင်းသီဆို ပြိုင်ပွဲတို့ကို ယနေ့ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဇနီး၊ ဗိုလ်ချုပ် ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာ တက်ရောက်ပါဝင် ဆင်နွှဲကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းများ ကံစမ်းမဲဖောက်နေမှုကို ကြည့်ရှုအားပေး ကြပြီး ကံစမ်းမဲပေါက်ကြသည့် ဝန်ထမ်းများအား ဆုမဲပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ သည်။ ယင်းနောက် ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေး (စတုဒိသာ) ပွဲတော်၌ အမယ်စုံလင်စွာ ကျွေးမွေးဧည့်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းများနှင့် အတူတကွ သုံးဆောင်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ယနေ့ပျော်ပွဲ ရွှင်ပွဲများ ကျင်းပပေးရခြင်းမှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် အပန်းပြေ ပျော်ရွှင်စေရန်နှင့် နှစ်သစ်တွင် စိတ်ခွန်အားသစ်များ ရရှိနိုင်စေရန် အတွက်လည်းကောင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ နှစ်သစ်အခါသမယမှစ၍ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကျရာအခန်းကဏ္ဍအသီးသီးမှ ညီညွတ် စွာဖြင့် ဝိုင်းဝန်းလက်တွဲ၍ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဝန်ထမ်းမိသားစုများ၏ ပျော်ရွှင်စွာ တေးသီချင်း သီဆိုပြိုင်ပွဲဝင်နေမှုကို ကြည့်ရှု အားပေးပြီး ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment