Friday, December 30, 2022

စွမ်းအင်ဝန်ကြီးဌာန နှစ်သစ်ကူးမိတ်ဆုံစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူးမိတ်ဆုံ စားပွဲနှင့် ကံစမ်းမဲအစီအစဉ်များကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ရုံးအမှတ် ၄၄ တွင် ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်၍ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားပြောကြားရာ စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးကြိုးစားစားဆောင်ရွက် ခဲ့ကြသဖြင့် ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် သွားကြစေလိုပါကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ်တွင် စိတ်သစ်လူသစ်ဖြင့် တိုင်းပြည် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်သည့် ဝန်ထမ်းများဖြစ်ကြပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နှစ်တစ်နှစ်ပိုင်ဆိုင်ကြစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွသုံးဆောင်သည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် စွမ်းအင်ဝန်ကြီး ဌာနမှဝန်ထမ်းများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကြပြီး ကံစမ်းမဲများ နှိုက်၍ နှစ်သစ်ကူးဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment