နေပြည်တော် ဒီဇင်ဘာ ၃၀
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများကို မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် မိတ်ဆုံ နေ့လယ်စာစားပွဲများ လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် မိတ်ဆုံစားပွဲကို အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျရာအခန်း ကဏ္ဍအသီးသီး၌ သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းသည် ဝန်ထမ်းများအားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ယခုလို မိတ်ဆုံစားပွဲမှတစ်ဆင့် မိမိတို့၏လုပ်ငန်းအတွေ့အကြုံများကို ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက် ဖြစ်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် ရာထူးအဆင့်အလိုက် ကျရာကဏ္ဍ အသီးသီးမှ ညီညွတ်စွာဖြင့် ဝိုင်းဝန်းလက်တွဲ၍ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ မိတ်ဆုံနေ့ လယ်စာအား လက်ရည်တစ်ပြင်တည်း သုံးဆောင်သည်။
အဆိုပါ မိတ်ဆုံနေ့လယ်စာစားပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment