၁။ မော်တော်ယာဉ်များတွင် မီးတပ်ဆင်ခြင်း၊ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေများ၊ နည်းဥပဒေ ၄၆ နှင့် နည်းဥပဒေ ၄၇ တို့တွင် ပြဌာန်းထားပြီးဖြစ်ပါသည်။
၂။ အချို့သောမော်တော်ယာဉ်များသည် မူလထုတ်လုပ်စဉ်ကတပ်ဆင်ထားသောမီးများနှင့် ဥပဒေအရ ခွင့်ပြုထားသောမီးများအပြင် မော်တော်ယာဉ်၏ အရှေ့၊ အပေါ်၊ အောက်၊ ဘေး (ဘယ်၊ ညာ) နှင့် အနောက်တို့တွင် မီးအပိုတပ်ဆင်အသုံးပြုလျက်ရှိခြင်း၊ မော်တော်ယာဉ် ငယ်များတွင် အလှဆင်မီးများ တပ်ဆင်ခြင်းကြောင့် အခြားမော်တော်ယာဉ်မောင်းနှင်သူနှင့် လမ်းအသုံးပြုသူများကို အနှောင့်အယှက် ဖြစ်စေကာ ယာဉ်မတော်တဆမှုနှင့် ယာဉ်အန္တရာယ်များ ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မော်တော်ယာဉ်များတွင် ဥပဒေအရ သတ်မှတ်ခွင့်ပြုထားသောမီးများမှအပ မီးအပိုတပ်ဆင်ခြင်းမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ
No comments:
Post a Comment