နေပြည်တော် ဒီဇင်ဘာ ၃၀
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အပံ့ပြုနိုင်ရန်အတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများနှင့် လုပ်ငန်းများကို အရည်အသွေးရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) ကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုနိုင်ရန် ဤမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) ပါ ဦးစားပေးလုပ်ငန်းများ၊ စီမံကိန်းနှင့် လုပ်ငန်းများကို ကဏ္ဍအလိုက် ဦးစီးဌာနများ အကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သော ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) ၏ အနှစ်ချုပ်ကို ရှင်းလင်းတင်ပြခြင်းနှင့် ခင်းကျင်းပြသထားသော Poster များနှင့် Light Box တို့ကို တက်ရောက်လာသူများက ကြည့်ရှု ဆွေးနွေးကြသည်။
အဆိုပါ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment