မြစ်ကြီးနား ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်မြန်မာ့ရိုးရာသိုင်းဆပ် ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း သင်တန်းဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။
မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲတွင်
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ့သိုင်း အားကစားနည်းသည် မိမိနိုင်ငံ၊
မိမိလူမျိုးနှင့် ဇာတိမာန်စိတ်ဓာတ်ဖြင့် အဓိကဖော်ကျူးပြသသည့်
အားကစားနည်းဖြစ်ကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် မြန်မာ့သိုင်းအားကစားနည်းတွင်လည်း
တံခွန်စိုက်ဒိုင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည့် အစဉ်အလာကောင်းခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် မြန်မာ့သိုင်းဆပ်ကော်မတီများနှင့်
သင်တန်းသား/သူများအနေဖြင့် မိမိပြည်နယ်၊ မိမိတို့ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ရေး
သိုင်းပညာရပ်များကို စနစ်တကျသင်ယူလေ့ကြရန် လိုကြောင်း တိုက်တွန်းအားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီအဖွဲ့ဝင်
မြန်မာ့သိုင်းပညာရှင် (မြန်မာ့ လက်ရွေးစင်) ဆရာကြီး ဦးချစ်သူနှင့်
ပြည်နယ်လက်ရွေးစင်များက ဓါးနှစ်လက်၊ ဓါးရှည်နှင့် လက်နက်မဲ့ဗန်ဒိုင်းသိုင်ပညာ၊
မြန်မာ့ဓါးရေးကျွမ်းကျင်မှုနှင့် ရှမ်းကြီးတုတ်ရှည်သိုင်း တိုက်ခိုက်မှု
စွမ်းရည်များနှင့် မြန်မာ့သိုင်းပညာ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကိုယ်ခံစွမ်းအားဖြင့်
ရေအိုးပါးစပ်ကိုက်ပြီး ဓါးသိုင်းစွမ်းရည်များ ပြသခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့် ငွေများနှင့် အားကစားပစ္စည်းများကို
ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့်
မြန်မာ့ရိုးရာသိုင်းနှင့် စပ်လျဉ်း၍ မြန်မာ့သိုင်းဆပ်ကော်မတီကို ၁၉၈၄ ခုနှစ်မှ
စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၆၊ ၁၉၉၈ ခုနှစ်များတွင် စွမ်းရည်ပြတံခွန်စိုက်ဒိုင်း၊ ၁၉၉၇
ခုနှစ်တွင် ဓါးသိုင်းအတိုက် တံခွန်စိုက်ဒိုင်း၊ ၁၉၉၉နှင့် ၂၀၀၃ ခုနှစ်များတွင်
ပန်ဂျပ်ဆီလတ် တံခွန်စိုက်ဒိုင်း၊ ၂၀၀၁ နှင့် ၂၀၀၄ ခုနှစ်များတွင်
ဓါးသိုင်းတံခွန်စိုက်ဒိုင်း၊ ၂၀၀၂ တွင် ပြည်ထောင်စု ဒိုင်း၊
ဂုဏ်ယူဖွယ်ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရှိရပြီး ယခုသင်တန်းကို နယ်စပ်ဒေသတိုင်းရင်းသား
လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/သူများအပါအဝင် သင်တန်းသား ၁၆၀
ဦး တို့ဖြင့် ၂၅ ရက်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း
သိရှိရသည်။
ယင်းနောက် ကချင်ပြည်နယ်အတွင်း
ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအ မှတ် စုပေါင်းလမ်းလျှောက်ပွဲ
ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ် အစိုးရအဖွဲ့ရုံး၊
မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအစီအစဉ်အဖြစ် စုပေါင်း
လမ်းလျှောက်ပွဲ ကျင်းပနိုင်ရေးနှင့် ပြည်သူ့အားကစားကွင်းအတွင်း ဌာနဆိုင်ရာများ
ပူးပေါင်းပါဝင် မှုဖြင့် ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်
ပျော်ရွှင်ကျန်းမာလမ်းလျှောက်ပါ ဆောင်ရွက်သွားမည့် အစီ အစဉ်များတွင်
ကိုယ်လက်လှုပ်ရှားအားကစားနည်းများဖြစ်သည့် Physical
Fitness Dance အစီ အစဉ်များ၊ ကံစမ်းမဲဖောက်သွားမည့်
အစီအစဉ်များနှင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လူဦးရေ အကန့်အသတ်ဖြင့်
ပြုလုပ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment