ပဲခူး ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့ရှိ
ပင်လယ်နှင့် ထိစပ်လျက်ရှိသော ကျေးရွာများသည် မိုးတွင်းကာလတွင် စစ်တောင်းမြစ်ရေ တိုက်စားခြင်းခံရ
သည့်အပြင် ပင်လယ်ဒီရေဒီလှိုင်းများကြောင့် ကမ်းပါးပြိုပြီး စိုက်ပျိုးမြေများ၊ ရွာမြေများ
နှစ်စဉ်ပျက်စီး ဆုံးရှုံးလျက်ရှိကြောင်း၊ ကမ်းပါးပြိုမှု သဘာဝဘေးအန္တရာယ်အား ထိန်းသိမ်းကာကွယ်နိုင်ရန်
စစ်တောင်း မြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့များတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဒီရေတောများအား
ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန် ဒီရေတောကြိုးပြင်ကာကွယ်တောများ သတ်မှတ်ခြင်း၊ ဒေသခံပြည်သူ
အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ပေးခြင်းနှင့် လိုအပ်သော နေရာများတွင် ဒီရေတော
စိုက်ခင်းများ တည်ထောင်ခြင်းတို့ကို ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ ဒီရေရောက်သစ်တောများ
ဖြစ်ထွန်းလာပါက ငါး၊ ပုဇွန်၊ ဂဏန်းစသည့် ရေသယံဇာတများသည်လည်း သဘာဝအလျောက် ရှင်သန် ပေါက်ဖွားလာနိုင်ပြီး
ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမှာ ဖြစ်သလို သောင်တိုးမြေများလည်း
ပိုမိုခိုင်မာပြီး ကမ်းပါးပြိုမှုကို ဟန့်တားနိုင်မှာဖြစ်ကြောင်း၊ ကမ်းရိုးတန်း နှင့်
အဏ္ဏဝါသယံဇာတ ကာကွယ်ထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများစဉ်များကို တိကျစွာလိုက်နာ ဆောင်ရွက်နိုင်မှသာ
ကမ်းရိုးတန်းနှင့် အဏ္ဏဝါရေပြင် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် ဗဟိုကော်မတီ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်
ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအား ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း
ပြောကြားခဲ့သည်။
ထို့နောက်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ပင်လယ်ကမ်းရိုးတန်း
သယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေချစ်က ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း
သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊
မုတ္တမပင်လယ်ကွေ့ စီမံကိန်း၊ စီမံကိန်းမန်နေဂျာမှ စစ်တောင်းမြစ်ဝဒေသအတွင်း ကဝ၊ သနပ်ပင်နှင့်
ဝေါမြို့နယ်တို့ရှိ ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု
အခြေအနေများက လည်းကောင်း အသီးသီးတင်ပြခဲ့ကြရာ၊ တက်ရောက်လာသည့် ကော်မတီဝင်းများက အကြံပြုဆွေးနွေး
ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာ ကြားခဲ့ကြောင်း
သတင်းရရှိ သည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)
No comments:
Post a Comment